Part 12 ( Zawgyi )

792 22 8
                                    

ဟန်သာသည်ပြေးထွက်လာကာကားပေါ်သို့ရောက်လာခဲ့သည်။ယခုထိတိုင်သူ့စိတ်ကိုတည်ငြိမ်ဖို့မလုပ်နိုင်အားသေး။

အိမ်ထဲ၌ကြားနေရသောစကားများဟာနာကျင်စေဖို့လုံလောက်ပါသည်။ဘာကြောင့်များဒီလောက်တောင်ဒုက္ခလိုက်ပေးနေလည်းဆိုတာမသိတော့။နှလုံးအိမ်ဟာတဆစ်ဆစ်ဖြင့်နာကျင်ရသည်။

ငယ်ရွယ်စဉ်၌သူချစ်မိခဲ့သောအချစ်ဟာ ချစ်ရသူကိုဒီလောက်ထိဒုက္ခရောက်စေမှန်းသူမသိခဲ့။ပထမဆုံးအနေဖြင့်ထောင်ကျသွားသောကိစ္စမှာလျှင်ချစ်မိသောအချစ်အတွက်နောင်တဖြစ်ခဲ့ရသည်။မချစ်ခဲ့ပါလျှင်အခုလိုဖြစ်မည်မဟုတ်ဘူးဆိုတဲ့စိတ်ကြောင့် တော်တော်နာကျင်ခဲ့ရသည်။ယခုတစ်ခါသူ့ကြောင့်ဆိုသောအချက်ဟာသူ့စိတ်ကိုသတ်နေသလို။

အဖေဒီလောက်မုန်းတီးနေမယ်မှန်းမသိခဲ့၊သူ့ဘက်ကလည်းပိုင်ဆိုင်ဖို့မကြိုးစားခဲ့သလို၊ယနေ့ချိန်ထိစကားပြောဖူးသည့်အရေအတွက်မှာလက်ချိုးရေလို့တောင်ရသည်။ဒါတောင် ဘာလို့ဒီလောက်ထိဒုက္ခလိုက်ပေးချင်နေလည်းမသိ။

ချစ်ရသူသာကိစ္စအကုန်သိသွားပါကဘယ်လောက်တောင်မုန်းလိုက်ပါမလဲ။နာကျင်လိုက်တာ..... ချစ်သူဖြစ်ခဲ့ဖူးလို့‌အခုလိုဒုက္ခပေးလျှင်တောင်ခံရသက်သာဦးမည်။သူကပဲတစ်ဖတ်သတ်ချစ်ခဲ့ပြီး ချစ်ရသူကတော့ဒုက္ခတွေရခဲ့ရပါသည်။

အိမ်ကိုဘယ်လိုပြန်ရောက်လာမှန်းသူမသိ။အခန်းထဲသို့ဝင်ကာပစ္စည်းတွေကိုရိုက်ခွဲမိသည်။

ဒုန်း...ခွမ်း...

"အမလေး ! သခင်လေးဟန်သာဘာများဖြစ်လာတာလဲ"

အိမ်တော်ထိန်းဟာရင်ဘတ်ကိုဖိကာအ‌မလေးတသည်။တစ်ခြားအလုပ်သမားများ၏မျက်နှာမှာလည်းစိုးရိမ်စိတ်များစွာ။သို့သော်တစ်ဦးတစ်ယောက်ကမှအပေါ်ကိုမတက်သွားရဲ။

ထိုစဥ်အိမ်ကိုပြန်ရောက်ပါသောခေါင်ဉာဏ်ကိုမြင်ကာအကုန်လုံးဟာကယ်တင်ရှင်ကိုတွေ့သွားတဲ့အလား။

"ဘာဖြစ်နေကြတာလဲ"

အလုပ်သမားတွေလှေကား၌စုနေသည်ကိုကြည့်ကာပြောလာသောခေါင်ဉာဏ်

Mistakes that HurtWhere stories live. Discover now