Expired

213 37 87
                                    

လူတွေသုံးစွဲနေကျ နေ့စဉ်သုံးပစ္စည်းတွေကစလို့ အရာတော်တော်များများ၊ အထူးသဖြင့် အစားအသောက်တွေမှာ သူတို့ရဲ့ သက်တမ်းကုန်လွန်ရက်လို့ခေါ်တဲ့ expire date ရှိတယ်ဆိုတာ သိကြတယ်ဟုတ်။ သက်တမ်းကျော်လွန်နေတဲ့အရာကို သုံးစွဲမိလိုက်သည်ဖြစ်စေ၊ စားသုံးလိုက်မိသည်ဖြစ်စေ ဘေးထွက်ဆိုးကျိုး အနည်းနဲ့အများကတော့ရှိကြတာပဲ။

ဒါဆို ချိုတယ်၊ ခါးတယ်၊ ကြည်နူးရတယ်၊ နာကျင်ရတယ် ဆိုပြီး လူတွေနည်းမျိုးစုံသမုတ်နေကြတဲ့ အချစ်ဆိုတဲ့အရာမှာရော expire date ရှိပါသလား။ expired ဖြစ်သွားတဲ့အချစ်ကို မစွန့်လွှတ်နိုင်ခဲ့ရင်ရော ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိလာနိုင်ပါသလဲ?

-

မျက်စိထောင့်ကနေ လှစ်ခနဲ လှစ်ခနဲ လှမ်းမြင်နေရတဲ့ အရိပ်ကလေးကြောင့် ဟုန်းဂျီဆူးတစ်ယောက်ပြုံးမိတာ ဘယ်နှစ်ခါရှိပြီလဲမသိတော့။ mall ထဲမှာ ကတည်းက ကုပ်ချောင်းချောင်းနဲ့ လိုက်လာတာကို သူတကယ်မသိဘူးများထင်နေတာလား မသိဘူး။ မျက်မှန်အမည်းကြီးတပ် ၊ ဦးထုပ်ကိုခပ်ငိုက်ငိုက်ဆောင်းပြီး သူ့နောက်လိုက်ချောင်းနေတာဟာ နှစ်ယောက်မရှိတဲ့ အီဆော့မင်မှန်း နှစ်မိုင်လောက်အကွာအဝေးကနေ လှမ်းကြည့်နေရင်းနဲ့တောင် သူသေချာပြောနိုင်ပါသည်။
သည်ရည်းစားဟောင်းလေးက သူနဲ့လမ်းခွဲပြီးသည့်တိုင်အောင် သူ့ကို အေးအေးဆေးဆေး ပေးမနေစေချင်ပုံပါပဲ။

သူပဲ တစ်ယောက်တည်းနေကြည့်ချင်တယ်၊ ကိုယ်နဲ့ အတူမရှိချင်ပါဘူး ဘာညာနဲ့ ဇွတ်တွေလမ်းခွဲသွားပြီးတော့။

ထိုကလေးကိုအငိုက်ဖမ်းရန် နောက်ကို ရုတ်တရက် ချာခနဲလှည့်ကြည့်လိုက်တော့ ဦးထုပ်ကို အောက်ဆွဲချကာ ဟိုလိုလို သည်လိုလိုနှင့် ဝေ့လည်ကြောင်ပတ်လုပ်နေတော့သည်။

ခဏလောက်ကြောင်တောင်တောင် အကွက်တွေ နင်းပြီးတဲ့နောက် သူမဟုတ်သလိုပင် ကျောပေးကာ လျှောက်သွားတာမို့ ပြုံးလိုက်မိသည်မှာ ကိုယ်တိုင်ပင်မသိလိုက်။

တစ်စိတ်လောက်.....အဲ့ဒီကလေးရဲ့ ကျောပြင်လေး ကျဉ်းသွားသလိုပဲ။

You've reached the end of published parts.

⏰ Last updated: Nov 17 ⏰

Add this story to your Library to get notified about new parts!

Expired Where stories live. Discover now