Unicode
ရင်နင့်.......
အပိုင်း(၅)"မေမေ.. သားကို မွေးနေ့ကိတ်လေးဝယ်ပေးလို့ရလားခင်ဗျာ ဒါသားစုထားတဲ့ပိုက်ဆံပါ"
ပိုက်ဆံအကြွေလေးတွေကို သူမကိုကမ်းပေးပြီး ဆိုလိုက်သည့်သားစကားကြောင့် ဒေါ်ခင်ပပအံ့ဩသင့်သွားသည်။
"ဘာလုပ်ဖို့လဲ သား"
"သား.. ချမ်းကို မွေးနေ့ကိတ်လေးပေးချင်လို့ပါ"
"ချမ်း.."
"အေးချမ်းကို ပြောတာပါမေမေ ဟိုနေ့ကမေမေ့ကို ပြောပြထားတဲ့ သားသူငယ်ချင်းလေ မနက်ဖြန်သူ့မွေးနေ့ဆိုတော့ သားကိတ်လေးဝယ်ပေးချင်လို့ပါခင်ဗျာ"
ရက်ပိုင်းလောက်ရှိသေးသည်။ သားက ထိုကောင်လေးကို နာမည်တောင်အဖျားဆွတ်ခေါ်နေပြီတဲ့လား။ ပြီးတော့ မွေးနေ့ကိတ်တောင် ဝယ်ပေးဖို့တွေးထားသည်တဲ့။
ဒေါ်ခင်ပပစိတ်ထဲမသက်မသာဖြစ်သွားသလို ခံစားရသဖြင့်
"စုထားတဲ့ပိုက်ဆံတွေအကုန်သုံးပြီး မွေးနေ့ကိတ်တောင်ဝယ်ပေးမှာဆိုတော့ သားသူ့ကိုတော်တော်ခင်တာပဲနော်.."
"သား.. သူ့ကိုသနားလို့ပါမေမေ သူတစ်ခါမှမွေးနေ့ကိတ်နဲ့ မွေးနေ့မလုပ်ဖူးဘူးလို့ ပြောတယ် သားသူ့အတွက် လုပ်ပေးချင်လို့ပါ"
"မေမေ့သားက စိတ်ထားကောင်းတယ်ဆိုတာ မေမေသိပြီးသားပါ.. ဒါပေမဲ့သားတို့သိတာမကြာသေးဘူးမဟုတ်လား သားသူ့အပေါ်ဒီလောက်ခင်သွားပြီပေါ့"
"ချမ်းက အိမ်မှာလည်းခဏခဏအရိုက်ခံရတယ် အပြင်မှာကျတော့လည်း သူနဲ့ဆော့ပေးမဲ့ သူငယ်ချင်းကမရှိဘူး သူကသနားစရာကောင်းတယ်မေမေ သားကပဲသူ့သူငယ်ချင်းလုပ်ပြီး ကောင်းပေးချင်တယ်"
မျက်မှန်အောက်မှ သားမျက်ဝန်းတွေက လက်ဖြာလွန်းနေ၏။ အေးချမ်းအတွက် ကိတ်မုန့်လုပ်ပေးချင်သည့်မျှော်လင့်ခြင်းတွေလား။
ရက်ပိုင်းမျှလောက်နှင့် ထိုကောင်မလေးအပေါ် ခင်တွယ်လွန်းသည်ကို သဘောမကျမိသည့်တိုင် မျှော်လင့်ချက်တွေနှင့် တောက်ပနေသည့် သားမျက်ဝန်းတွေကိုတော့ ညှိုးငယ်သွားအောင် မဖျက်ဆီးရက်သဖြင့် သက်ပြင်းသာချလိုက်ရင်း..
YOU ARE READING
ရင်နင့်...
General Fiction"ကိုကိုလို့ မင်းခေါ်လိုက်တာနဲ့ မင်းကငါ့ညီလေးဖြစ်သွားပြီ ငါမင်းကိုတစ်သက်လုံး ကာကွယ်စောင့်ရှောက်ပေးမယ်" သုတဉာဏ် "မင်းညီအနေနဲ့ ချစ်ပေးတာမျိုးမဟုတ်ဘဲ မင်းကောင်လေးတစ်ယောက်လိုချစ်ပေးမဲ့ မေတ္တာမျို...