Our First Honeymoon

22 5 0
                                    

ICN-SIN
Incheon မှ Singapore လေယာဉ်ပျံသန်းချိန် 6နာရီကျော်သည် ဂျီမင်းအတွက်နာရီခြောက်ဆယ်မကကြာညောင်းလှသည်။

ရေတွေတခွက်ပြီး တခွက်တောင်းသောက် ပြီးရင် အိမ်သာထသွားလိုက်နှင့်ဂဏာမငြိမ်ဖြစ်နေရသည်။ခြေဖျားလက်ဖျားများလည်းအေးစက်လို့။

မဖြစ်သေး ငါကစိတ်လှုပ်ရှားပြိုလဲနေလို့မဖြစ်သေး။ဂျွန့်အတွက်ငါသန်မာမှဖြစ်မည်။
ဂျွန့်အတွက်သူသည် အခုအချိန်မှာ ခင်ပွန်းသည်လည်းဟုတ်သည်။ အကိုကြီးလည်းမည်သည်။ဖခင်ဆိုလည်းဟုတ်လိမ့်မည်။

ထိုင်ခုံမှာပြန်ထိုင်၍မျက်လုံးအသာမှိတ်ကာစိတ်ကိုလျော့ချရသည်။အားလုံးအဆင်ပြေသွားမှာပါ။

ဂျွန်အားလုံးအဆင်ပြေသွားမှာပါ။

ညနေပိုင်းလောက်က၀င်လာခဲ့သောဖုန်း။

Mr.Jeon ရုံးမှာမူးလဲသွားလို့။ဂျွန်အလုပ်အလုပ်နေသော Singapore ကရုံးခွဲမှာဖြစ်ခဲ့တာ။လက်ရှိဂျီမင်းလေယာဉ်ပေါ်မှာရှိနေသည့်အချိန်ထိသတိမရသေး။ဦးနှောက်မှာရှိသည့်သွေးကြောငယ်လေးပိတ်သွားသည်ဟုသိရပြီး လက်ရှိဆေးနှင့်အရင် ဖျော်ချဖို့ကြိုးစားနေဆဲ အဆင်မပြေပါက ခွဲစိတ်ရမည်

ဘယ်လိုပဲဖြစ်ဖြစ်ဂျွန်နှိုးထလာမှဖြစ်မည်။သူ...သူ ဂျွန့်ကိုခွဲခွာဖို့အဆင်သင့်မဖြစ်သေးပါ။ ဂျွန့်ကို ချစ်လို့မ၀သေးပါ။

အိမ်ထောင်သက် အနှစ်နှစ်ဆယ်။
ဂျီမင်းအသက် 45နှစ်ဆိုတော့ ဂျွန်က43နှစ်။

ဒါပေမယ့် သူ့မျက်လုံးထဲမှာဂျွန်က လက်ထပ်ကာစ 23နှစ်အရွယ်ဂျွန်ပါပဲ။

ခက်ခဲတဲ့နေ့ရက်တွေအများကြီးဖြတ်သန်းခဲ့ကြဖူးပြီ။ပျော်ရွှင်ရတဲ့နေရက်တွေလည်းအများကြီးပဲ။

သူ့ရဲ့ဆုံးဖြတ်ချက်တွေသာ အတည်ဖြစ်ခဲ့သောအိမ်ထောင်ရေး။တသက်လုံးသူ့ကိုသာအားလုံးဦးစားပေးခဲ့သောဂျွန်။

ရန်ဖြစ်ကြ စိတ်ဆိုးစိတ်ကောက်ကျတဲ့ရက်တွေလည်းရှိကြသည်။ရန်တွေအကျီးအကျယ်ဖြစ်တဲ့အခါ အိမ်ပေါ်ကဆင်းသူသည်ဂျွန်။သူပြန်လိုက်ခေါ်ရင်ပေကပ်ကပ်ပြုံးစိစိနှင့်ပြန်ပါလာတတ်ပြီး သူကဂျီမင်းကိုအမြဲအရှုံးပေးပြီးသားပါဟုဆိုတတ်သူ။

You've reached the end of published parts.

⏰ Last updated: Oct 12 ⏰

Add this story to your Library to get notified about new parts!

Our First Honeymoon (One Shot) Happy Birthday JiminWhere stories live. Discover now