Chapter 22

398 82 3
                                    

အတူတူ ထားရခြင်း သီအိုရီ

ကျိုးလီ က တိုက်ခန်းဝင်း အဟောင်းနှင့် အသစ်နှစ်ခုစလုံး၏ ပတ်ပတ်လည်ကို လှည့်ပတ်ရှာဖွေပြီးနောက် ခွေးပျောက်ကြော်ငြာ ပိုစတာ တစ်ဒါဇင်ကျော် ထွက်လာလေသည်။

သူက ပထမဆုံး ပိုစတာတစ်ခုကိုသာ အစိတ်စိတ်အမွှာမွှာဖြစ်အောင် ဆွဲဖြဲခဲ့ပေမဲ့ ကျန်ပိုစတာတွေကိုတော့ စိတ်ထဲထားမနေ‌တော့ပေ။

အာ့ကောက လမ်းလျှောက်ပြန်သွားသည့် သူနောက်ကို လိုက်လာခဲ့ပြီး မေးလိုက်သည်။

"တခြားစာရွက်တွေကို မဖြဲတော့ဘူးလား? အဲ့ဒါတွေကို မရီး တွေ့သွားရင် ဘယ်လိုလုပ်မလဲ?"

ကျိုးလီပါးစပ် အနည်းငယ် တွန့်သွား၏။

"သူ့ကို မရီးလို့မခေါ်နဲ့"

'ဟာ' ဟူ၍ အာ့ကောပါးစပ်ကနေ လွတ်ထွက်လာခဲ့လျက်

"အချိန်တစ်ခုပဲ လိုတော့တာမဟုတ်ဘူးလား မင်းတို့....မင်းတို့နှစ်ယောက် မဖြစ်ခင်......?"

"ငါက သူ့ကို အဲ့လိုမခေါ်နဲ့လို့ ပြောရင် မခေါ်နဲ့။ ရှောင်ဝူနဲ့ တခြားသူတွေကိုလည်း အဲ့လိုမခေါ်ဖို့ ပြောထားလိုက်ဦး"

ကျိုးလီက အလေးပေးကာပြောလိုက်သည်။

"အထူးသဖြင့် သူ့ရှေ့မှာ မခေါ်နဲ့"

အာ့ကောက စိတ်ထဲကနေ 'ဒါက သူ အခု သူမကို မလိုက်နိုင်သေးတာကြောင့်' ဖြစ်မည်ဟု သူဘာသာသူ အကြောင်းပြချက်ပေးလိုက်သည်။ ထို့ကြောင့် သူက ကတိပေးလိုက်၏။

"စိတ်မပူနဲ့ ယင်းကော၊ ဒါမျိုးကိစ္စ၊ သေချာပေါက် ငါတို့ နားလည်ပေးနိုင်တယ်။"

သူက ထပ်မေးလိုက်သည်။

"မင်းတကယ် ဒါတွေကို စိတ်အနှောင့်အယှက် မဖြစ်ဘူးလား၊ အာ?"

ကျိုးလီကပြောသည်။

"လောလောဆယ်အတွက် ဒါတွေကို ထား,ထားလိုက်ဦး။ မရွှေ့လိုက်နဲ့"

ကျိမိသားစု၏ နောက်ခံအသိုင်းအဝိုင်းက ဘယ်လိုအမျိုးအစားဖြစ်နိုင်လဲ?သူ တချို့တလေတော့သိသည်။ နည်းနည်းလောက်ပေါ့။

ဟက်စကီးကောင်၏ဘေး၌ ရှင်သန်ရသောနေ့ရက်များ(ဘာသာပြန်)Where stories live. Discover now