လင်းကျိုးရှင်းက ဂေးတစ်ယောက်ပဲ။ ဂေးကိုမှ လုံးဝ ရေမရောတဲ့ အထက်ပုဂ္ဂိုလ် ကုန်းတစ်ယောက်လည်းဖြစ်နေသေးတယ်။ တစ်နေ့မှာတော့ သူ့အတွက် ကံမကောင်းလှစွာဖြင့် BG မောင်းမဆောင်နိုဗယ်တစ်ခုထဲကို ကူးပြောင်းသွားရရှာတယ်။'ဒီခရီးလမ်း' ဆိုတာက ထင်ရှားကျော်ကြားနေတဲ့အွန်လိုင်းနိုဗယ်တစ်ပုဒ်ဖြစ်ပြီး ကြယ်တာရာခေတ်အမျိုးအစားကိုအခြေတည်ထားခဲ့တာ။ စာအုပ်တစ်ခုလုံးမှာ အမျိုးသားဇာတ်လိုက်တစ်ယောက်နှင့် သူ့ရဲ့မောင်းမဆောင်ထဲမှ အလှလေးတွေကြားက အဖြောင့်အချစ်ခရီးလမ်းတွေအကြောင်းနှင့် ပြည့်နှက်နေခဲ့တယ်။
နိုဗယ်ရဲ့အဓိကဇာတ်ကောင်က တကယ်တမ်းမှာ အသက်သုံးဆယ်ကျော်အရွယ်ဖြစ်ပေမဲ့လည်း လျို့ဝှက်ဆေးတစ်မျိုးကိုသောက်သုံးပြီးနောက်မှာ သူ့ရဲ့ခန္ဓာကိုယ်က ဆယ်ကျော်သက်အရွယ်သို့ ပြန်လည် ပြောင်းလဲသွားခဲ့တယ်။
ဒီအဓိကဇာတ်ဆောင်က ရှက်ရွံ့တတ်မှု၊ ရင့်ကျက်တည်ငြိမ်မှု၊ ချစ်စိတ်ပြင်းပြတတ်မှုနှင့် ရိုးသားဖြူစင်မှုတွေကို တချိန်တည်းမှာပဲ ပြီးပြည့်စုံစွာပေါင်းစပ်ထားတဲ့သူပဲ။ ဒီအဓိကဇာတ်ဆောင်လုပ်နိုင်တဲ့အရာတွေကို တခြားဘယ်သူတစ်ယောက်ကမှ လုပ်နိုင်မှာမဟုတ်ဘူး။
ပြောနေစရာတောင်မလိုအပ်ဘူးလေ။ ဒီအဓိကဇာတ်ဆောင်က လုံးဝ_လုံးဝကို လီကျိုးရှင်းရဲ့ အကြိုက်ပုံစံမျိုးပဲ။
တကယ်လို့ လီကျိုးရှင်းသာ လုပ်နိုင်မယ်ဆိုရင် သူလုပ်လိုက်လိမ့်မယ်။
ဒါပေမဲ့ ခက်တာက စာရေးသူက လီကျိုးရှင်းကိုပြောခဲ့တယ်:
မင်းအနေနဲ့ မင်းကိုမင်း မကူးပြောင်းသွားတဲ့အခြေအနေကိုပြန်သွားဖို့ နည်းလမ်းမရှိဘူး။
ဒါက မောင်းမဆောင်နိုဗယ်ဖြစ်နေတဲ့အတွက် ဒီကမ္ဘာကြီးရဲ့ ဆက်တင်မှာ ဂေးဆိုတဲ့စကားလုံးတောင်မှ တည်ရှိနေမှာမဟုတ်ဘူး။
နောက်ပြီး အရေးကြီးတာက မင်းက အချိန်တိုင်းမှာ ကာရိုက်တာရဲ့ပုံစံအတိုင်းပဲရှိနေရမယ်။
ဒီတော့ လင်းကျိုးရှင်းတစ်ယောက် စာအုပ်ထဲမှာ ဘယ်လိုဇာတ်ကောင်အမျိုးအစားကိုရရှိခဲ့တာလဲ?
YOU ARE READING
အစစ်အမှန်ကုန်းတစ်ယောက် စာအုပ်ထဲကိုကူးပြောင်းပြီးနောက် အဖြာင့်ယောင်ဆောင်နေရလေရဲ့
Fantasy_MC Gong _falls in love first _brotherhood _comedy _friendship _manly gay couple _military _powercouple _secret crush _straightuke _transmigration