(1)ထပ်ကြည့်လိုက်ပါဦး
ထျန်းလန်ရှင်း ရင်ပြင်။
ဝိဥာဥ်စွမ်းအားစမ်းသပ်စစ်ဆေးရေးစက် ဒါဇင်ကျော်လောက်က နေလုံးကြီးရဲ့အလင်းရောင်အောက်မှာ တောက်ပနေခဲ့တယ်။
အရွေးချယ်အစမ်းသပ်ခံမဲ့ အင်အားပြည့်ဝတဲ့ လူငယ်တွေကလည်း စိတ်လှုပ်ရှားစွာဖြင့် ထိုစမ်းသပ်စစ်ဆေးရေးစက်ရှေ့မှာ လူတန်းရှည်ကြီးဖြစ်တဲ့အထိ တန်းစီနေခဲ့ကြပြီး ချန်ယန်စစ်အကယ်ဒမီရဲ့တာဝန်ရှိသူမှ သူတို့ရဲ့နာမည်ကိုခေါ်လာမဲ့အချိန်ကို စောင့်ဆိုင်းနေခဲ့ကြတယ်။
နွေရာသီရဲ့ နေရောင်ခြည်က စူးရဲတောက်ပလွန်းပြီး အလွန်အမင်းလည်း ပူပြင်းနေတာကြောင့် လီကျိုးရှင်းတစ်ယောက် သူ့ရဲ့ မျက်ဝန်းတွေကို ပိတ်ထားမိတယ်။ ဒီလိုပိတ်ထားတာတောင် အဖြူရောင်အလင်းတန်းက သူ့ရဲ့ပိတ်ဆို့ထားတဲ့မျက်ခွံကိုဖြတ်သန်းလာဆဲဖြစ်ပြီး သူ့ရဲ့လည်ချောင်းတွေကလည်း ကော်ပတ်တိုက်ထားသလိုမျိုး ခြောက်ကပ်နေခဲ့ပြီ။
"ဒီခရီးလမ်း" စာအုပ်က ကြယ်တာရာခေတ် ကိုအခြေတည်ရေးဖွဲ့ထားပြီး ဇာတ်လမ်းတစ်ခုလုံးကလည်း BG ရိုမန့်တွေနှင့်ပြည့်လို့နေကာ အလှလေးတွေကတော့ တိမ်တွေမျောလွင့်လာသလို ဟောတစ်ယောက် ဟောတစ်ယောက်ပေါ်ထွက်လာတတ်တယ်။
စာအုပ်ရဲ့ အဓိကဇာတ်လိုက် ၊ သို့တည်းမဟုတ် လီကျိုးရှင်းရဲ့အကြိုက်နှစ်သက်ဆုံးသောဇာတ်ကောင် __ ကုဝမ်ချန် မကြာခင် ပေါ်ထွက်လာတော့မယ်။
လီကျိုးရှင်း တကယ်ကိုနည်းနည်းလောက်တော့ စိတ်လှုပ်ရှားနေခဲ့တယ်။
[ ကုဝမ်ချန်ရဲ့နှုတ်ခမ်းထောင့်တွေက အပေါ်သို့မြင့်တက်သွားခဲ့တယ်။
"ကျေးဇူးတင်ပါတယ်"
သူက သူ့ကိုယ်သူ ကောင်းမွန်ပုံပေါ်စေဖို့ ဘယ်လိုလုပ်ရမလဲဆိုတာ ကောင်းစွာသိနေခဲ့တယ်။ ချက်ချင်းဆိုသလိုပဲ ကုဝမ်ချန်ထံမှ အားအင်ပြည့်ဝပြီး လူငယ်ဆန်တဲ့သဘာဝတွေကြားမှာ ရင့်ကျက်တည်ငြိမ်တဲ့အရှိန်အဝါအနည်းငယ်ထွက်ပေါ်လာတယ်။ ထို အလွန်အမင်းခြားနားလွန်းတဲ့ အရှိန်အဝါနှစ်ခုက ပျားရည်ဖျော်ရည်လိုမျိုးလှုပ်ခတ်သွားပြီး မိန်းကလေးတွေရဲ့နှလုံးသားထဲကိုမွှေနှောက်ကာ သူ့ရဲ့ဘေးပတ်လည်မှာ လိပ်ပြာလေးတွေလို ပျံဝဲနေကြတော့တယ်။

YOU ARE READING
အစစ်အမှန်ကုန်းတစ်ယောက် စာအုပ်ထဲကိုကူးပြောင်းပြီးနောက် အဖြာင့်ယောင်ဆောင်နေရလေရဲ့
Fantasyခေါင်းစဥ်_ အဖြောင့်အယောင်ဆောင် _MC Gong _falls in love first _brotherhood _comedy _friendship _manly gay couple _military _powercouple _secret crush _straightuke _transmigration