(1.2)

315 42 1
                                    

(1.2)

စောင့်ဆိုင်းရမဲ့နေရာမှာတော့ လူငယ်ဆယ်ဦးခန့် ထိုင်နေကြပြီ။ ချန်ယန်အကယ်ဒမီဆိုတာက စစ်သင်တန်းကျောင်းအဆင့်မှာ နံပါတ်တစ်အဖြစ် လူတိုင်းက တညီတညွတ်တည်း အသိအမှတ်ပြုထားတဲ့ကျောင်းဖြစ်တာကြောင့် လက်ခံတဲ့ လူငယ် အရေအတွက်သည်လည်း အလွန် နည်းပါးလိမ့်မယ်။

သို့သော်လည်း အပြင်ဘက်မှာ အစစ်ဆေးခံဖို့အတွက် စောင့်ဆိုင်းနေတဲ့သူတွေ ထောင်ပေါင်းများစွာ ရှိနေသေးတယ်။ ထို့အပြင် ဒီလူပမာဏက ထျန်းလန်ရှင်းစစ်ဆေးရေးကွင်းပြင်နေရာမှာ စာရင်းသွင်းထားတဲ့သူတွေသက်သက်ပဲ ရှိသေးတယ်။ အကယ်ဒမီက ဂလက်ဆီတစ်ဝှမ်းလုံးမှ မတူညီသောနေရာတွေမှာ ဒါဇင်များစွာရှိရှိနေသေးတယ်လေ။

လီကျိုးရှင်း သူရဲ့ ချွေးတွေနဲ့စိုစွတ်နေသော ဆံပင်တွေကို အနောက်ဘက်သို့ ပြန်လှန်တင်လိုက်တယ်။

မကြာခင်မှာပဲ သူ့ရဲ့အနားသို့ တစ်ခြားလူတစ်ယောက်ရောက်ရှိလာတဲ့အကြောင်းကို ခြေသံတစ်စုံကြောင့် သိလိုက်ရပြီး  အမျိုးသားဇာတ်လိုက်ရဲ့ သာယာလှပတဲ့မေးမြန်းလိုတဲ့စကားသံကိုကြားလိုက်ရတယ်။

"လီကျိုးရှင်းလား?"

"အင်း ငါက လီကျိုးရှင်းပါ"

လီကျိုးရှင်း သူ့ကို လှည့်ကြည့်လိုက်တယ်။ သူရှိနေတဲ့ထောင့်ဘက်မှ ကြည့်မယ်ဆိုရင် နေရောင်ခြည်က သူ့ရဲ့ မျက်လုံးကို တည့်တည့် ထိုးနေခဲ့တာကြောင့် လီကျိုးရှင်း တစ်ဖက်လူရဲ့ မျက်နှာကိုမြင်တွေ့ရဖို့အတွက် ခေါင်းကိုစောင်းပြီး ကြည့်လိုက်ရတယ်။

“နိဟောင်”

[ ကုဝမ်ချန်ရဲ့အမြင်အရဆိုရင် ဒီကောင်လေးတွေက အလွန်ငယ်ရွယ်လွန်းသေးပြီး အမွှေးအတောင်တွေတောင် စုံလင်ဦးမှာမဟုတ်ဘူး။ သူ့အနေနဲ့ ကလေးတွေနှင့် ရောရောနှောနှောနေရမှာကိုလည်း မကြိုက်လှဘူးလေ။ ဒီတော့ တခြားလူတွေရဲ့ မနာလိုစိတ်တွေ စိတ်ထဲကို ထည့်တာ ဒါမှမဟုတ် သူတို့တွေရဲ့တည်မြဲမှာမဟုတ်တဲ့ သူငယ်ချင်းအဖွဲ့တွေထဲသို့ သူ့ကိုယ်သူ ထည့်သွင်းတာတွေ မပြုဘူးဆိုတာက သဘာဝကျပါတယ်။

အစစ်အမှန်ကုန်းတစ်ယောက် စာအုပ်ထဲကိုကူးပြောင်းပြီးနောက် အဖြာင့်ယောင်ဆောင်နေရလေရဲ့Where stories live. Discover now