အခန္း(၅)

573 67 27
                                    

Unicode

သည်းညှာက ကျွန်တော့်ကို စကားမပြောပေ။ အရင်ကလည်း အများကြီး ပြောနေတတ်တဲ့ ကလေးမဟုတ်ပေမဲ့ အခုကပိုသိသာ၏။ မျက်လုံးချင်းတောင်ဆုံစိုက်သွားအောင် မကြည့်။ သူ့အတွက် မနက်စောစော ကျွန်တော်ထဝယ်ထားတဲ့ လမ်းထိပ်က နို့ဆန်ပြုတ်ကို အရသာရှိရှိစားနေတာ မျက်နှာလေးမှာတင်သိသာ၏။ မနေ့ညထဲက ဘာမေးမေး အင်းအဲမလုပ်တာကြောင့် အကုန်မြန်သည့် ထိုနို့ဆန်ပြုတ်အား အစောကြီးထကာဝယ်ထားခြင်းဖြစ်၏။

နို့ဆန်ပြုတ်စားရလို့ အကိုဖြစ်သူကို ကျေးဇူးတင်ရကောင်းမှန်း သည်းညှာတို့မသိ။ စားပြီးတဲ့ပန်းကန်လေးကိုတောင်မဆေး။ သည်းညှာတို့များ တစ်ခုခုစားတော့မယ်ဆိုရင် ပန်းကန်သပ်သပ်ရပ်ရပ်၊ ဇွန်းတပ်ပြီး ရေခွက်နဲ့ တစ်ရှူးဖြစ်ဖြစ် လက်သုတ်ပုဝါဖြစ်ဖြစ် အကုန်ပြင်ဆင်ပေးရသည်။ အပြည့်အစုံမရမချင်း မစားမသောက်ဘဲ ဂျစ်တတ်၏။

ဒီနေ့ staff party ရှိတာမို့ ကျွန်တော် အိမ်ပြန်နောက်ကျမှာဖြစ်သည်။ အန်တီရွှေယွန်းကို သည်းညှာကိုကြည့်ထားပေးဖို့ အကူအညီတောင်း ထားပေမဲ့လည်း စိတ်ထဲပူနေပြန်သည်။ ဦးလေးပြန်ရောက်လာမှာကို ကျွန်တော်စိုးရိမ်နေခဲ့တာဖြစ်၏။ တစ်ရက်ရက်တော့ ပြန်ရောက်လာဦးမှာပင်။

ကျောင်းအင်္ကျီအဖြူလေးက လက်ရှည်ဖြစ်ပြီး အသားနုနုလေးပေါ်မှာ ထင်းလင်းနေ၏။ ပုဆိုးအစိမ်းလေးကလည်း အရောင်တောက်နေကာ ပုဆိုးရဲ့အဆုံးက ခြေဖမိုးဖြူဖြူလေးတွေမှာ ဝင်းအုနေသည်။ ခြေချောင်းလေးများ၏ထိပ်ကလေးများသည် ရဲနေတတ်ကာ ခြေဆစ်ကလေးတွေနားမှာ မွှေးညှင်းနုနုလေးတွေရှိ၏။

အခုထိသည်းညှာက ပုဆိုးကိုသေချာမဝတ်တတ်သေးပါပေ။ ဝတ်တော့ဝတ်တတ်ပေမဲ့ လူကြားထဲ ကျွတ်ကျွတ်ကျ၍ဖြစ်သည်၊ တစ်ခါတရံ စနောက်ပြီး ဆွဲချွတ်ခံရတာမျိုးလည်းရှိ၏။

ထိုအကြောင်းကိုတွေးမိတိုင်း ရင်ထဲလေးပင်သလိုလို နင့်နေသလိုလို ခံစားလို့မကောင်းပါ။ သည်းညှာလေးကို ကျောင်းတွင်အနိုင်ကျင့်သည့် အဖွဲ့ကအရင်ထဲက သပ်သပ်ရှိ၏။ ကျောင်းတုန်းက သည်းညှာကိုအနိုင်ကျင့်သည့် ကလေးများက ငယ်သေးသည်မို့ ခဲတံလေးတွေလုယူပစ်တာ၊ ကလေးအချင်းချင်း တွန်းထုတ်တာ ထိုသို့လောက်ပင်။ ဒါတွေကို ကျွန်တော်အရင်ထဲက သိခဲ့ပေမဲ့လည်း အရေးမစိုက်ခဲ့တာဖြစ်သည်။

ရင္ထဲကအသည္းညႇာ / ရင်ထဲကအသည်းညှာWhere stories live. Discover now