''နေကလဲ ပူလိုက်တာကွာ ၊ မေမေနဲ့ဂိုဂို့ကို suprise လုပ်ချင်လို့ အကြောင်းမကြားဘဲ လာခဲ့တာ မှားပြီထင်တယ်''
မောင့်နာမည်ကတော့ ယိမ်းရဝီမောင် လို့ခေါ်ပါတယ်ဗျ မေမေယိမ်းနဲ့ ဂိုဂိုတို့ရဲ့ တစ်ဦးတည်းသော သမီးလေးပေါ့ဗျာ ။ ဖွားဖွားနဲ့ မြို့မှာသွားနေတာတော့ ကြာပေါ့ဗျာ အခုက ကျောင်းလဲပြီးသွားပြီဆိုတော့ ရွာက ဂိုဂိုနဲ့မေမေ့စီကို ပြန်လာခဲ့ ခြင်းဖြစ်သည်။ ဒီရွာကို မရောက်ဖြစ်တာတော့ အတော်ကြာပြီဖြစ်ပေမဲ့ ပတ်ဝန်းကျင်အနေအထားက မောင်နဲ့စိမ်းသက်နေသလိုမျိုးတော့ မခံစားရပါဘူး ရွာလမ်းလေးကို မြင်လိုက်ရတာနဲ့ စိတ်ထဲမှာအေးချမ်းမှုက အလိုလို ဝင်ရောက်လာခဲ့သည်။
''ဟူးးးနေကလဲ ပူလိုက်တာ အရှင်ဘုရားနဲ့ သမာဒေဝ နတ်ကောင်းနတ်မြတ်ကြီးများခဗျ လှည်းကြုံလေးတစ်စီးလောက် ဆောင်မတော်မှုပါခဗျ''
မောင်ထို့သို့ ပြောနေ တုန်းမှာဘဲ မလှမ်းမကန်းကနေ မောင့်ဆီသို့ လှည်းတစ်စီးလာနေတာ ကို တွေ့လိုက်သည်။
''ဟားဟားးသူတော်ကောင်းကို နတ်ကောင်းမတာဘဲ ရုပ်လေးကချောတော့ နတ်ကောင်းနတ်မြတ်တွေလဲ ရွာထိကို လမ်းလျှောက်သွားရမယ့်မောင့်ကို သနားလို့ဖြစ်မယ် ဟဲဟဲ😁 ''
ထိုလှည်းလေးက မောင့်အနားရောက်တော့ ရပ်သွားသည်။ထို့ကြောင့် မောင့်ဘက်ကနေဘဲ စတင်ပြီး ဦးလေးကိုပြောလိုက်သည်။
''ဦးလေးဗျ လှည်းကြုံလိုက်လို့ရလားဗျ''
''ငါ့တူမရီးက ဘယ်သွားမလို့တုန်းကွယ့်''
''ဆရာမလေး ဒေါ်ယိမ်းနွဲ့ဟန်တို့ အိမ်ကို သွားမလို့ပါဗျ''
''အော် အေးအေး ဆရာမလေးဧည့်သည်ထင်တယ် လမ်းကြုံတာဘဲကွဲ့ တတ်တတ် ငါ့တူမရီး ဦးလေး အထုပ်တွေ ဝိုင်းသယ်ပေးမယ်''
''(ရတယ်)² ဦးရီး မောင့်ဘာသာမောင် တင်လိုက်မယ်ဗျ အထုပ်တွေက ပေါ့ပေါ့လေး မို့ပါ''
''အေးအေး တူမရီး''
မောင်လဲ အထုပ်တွေကို တင်ပြီး လှည်းပေါ်တက်ဖို့အလုပ် လှည်းက မောင့်ထက်မြင့်နေတော့ တက်ရခက်နေ တော့သည်။

YOU ARE READING
ဗျို့ မမခင်
Romanceခင် ၊ မမခင် ၊မောင့်ရဲ့ တစ်ဦးပိုင်လေး ခင် ခင်ဆိုတဲ့ အမျိုးသမီးလေးက မောင့်နှလုံးသားကို ဟိုးအရင်ကတည်းကနေ အခုချိန်ထိ ချုပ်ကိုင်ထားနိုင်သူ။ ဘဝက ရုပ်ရှင်မဟုတ်မှန်း မမခင်နဲ့တွေ့မှ မောင် နားလည်တော့တယ်။