Chapter-1

1 0 0
                                    

Unicode

ကလင်~

“မင်္ဂလာပါခင်ဗျာ Grey's Cafe မှကြိုဆိုပါတယ်”

တံခါးဖွင့်လိုက်၍‌ေပါ်လာ‌ေသာဘဲလ်သံနှင့်အတူ‌ဧည့်ကြို‌ေကာင်‌ေလး၏အသံကတစ်ဆက်တည်းထွက်‌ေပါ်လာသည်။‌ေတာင်‌ေပါ်‌ေဒသဖြစ်သည့်အလျောက်ကလောမြို့လေးရဲ့မနက်ခင်း၈နာရီနေကဆိုင်မှန်ပြတင်းကနေ ‌ေနပြောက်လေးတွေအဖြစ်ပြတင်း‌ေပါက်‌ေဘာင်‌ေပါ်အလှဆင်ထားသောဘွန်ဇိုင်းနဲ့ catusပင်လေးတွေပေါ်တစွန်းတစ်စကျရောက်နေသည်။ပတ်ဝန်းကျင်တစ်ခုလံုးကော်ဖီရနံ့တို့ထုံလွှမ်း‌ေနပြီး သီချင်းသံတိုးသဲ့သဲ့ဖွင့်ထား‌ေသာဆိုင်‌ေလးထဲမှာလူရှင်းကာ အေးချမ်းသောအငွေ့အသက်တို့ခြုံလွှမ်းနေလေသည်။

“ဖေဖေကြီး ဖေဖေကြီး ဖေဖေကြီးကိုချစ်တယ်။မေမေကြီးမေမေကြီးမေမေကြီးကိုချစ်တယ်။”

ထိုစဉ် ဆိုင်ရဲ့အေးချမ်းမှုလေးကိုဖြိုခွဲလိုက်သောသူမှာအခြားသူမဟုတ်ဆိုင်ပိုင်ရှင်များထဲမှတစ်ယောက်ဖြစ်‌ေသာ အငယ်ဆုံးသားလေးအမောင်ရောင်စဉ်လင်း(ခေါ် ) Y ပေတည်း။ထိုသူမှာဆိုင်ပိုင်ရှင်လေးယောက်အနက်မှတစ်ယောက်ဖြစ်ပြီး ဆိုင်သို့တစ်ခါတစ်လေမှလာတတ်ကာ ထိုတစ်ခါတစ်လေများတွင်အငယ်ပီပီကျန်သူများကိုအနှောက်အယှက်ပေးခြင်း၊အမွှေဇယားမ‌ျားခင်းခြင်းတို့ကို လုပ်ဆောင်လေ့ရှိသည်။များသောအားဖြင့်ပန်းချီဆွဲလေ့ရှိပြီး ဆိုင်တွင်အချိန်ပြည့်မရှိနေနိုင်ပေ။ဒီလိုသူဆိုင်မှာအချိန်ပြည့်မရှိခြင်းကပင် ဆိုင်မှလူများအားလုံးအတွက်ကျေးဇူးတင်စရာကိစ္စဖြစ်ပြီး ယခုလိုသူလာတဲ့နေ့သည် ကံဆိုးမိုးမှောင်ကျသောနေ့ဖြစ်သည်။ထိုကော်ဖီဆိုင်ownerလေးမှာတကယ့်အမွှေဇယားဖြစ်သည်။‌ေမးရိုးချွန်ကာမဟော်ဂနီ‌ေရာင်ဆံပင်ဂုတ်ထောက်ကခပ်ဖွာဖွာဖြစ်နေပြီး အင်္ကျီအဖြူလက်တိုအပေါ်မှာ‌အနွေးထည်အပွကြီးနှင့်ဂျင်းဘောင်းဘီတွဲဝတ်ထားကာ ဆိုဖာလက်ရန်းပေါ်တစောင်းထိုင်ပြီး ခြေထောက်ကိုလွှဲကာပါးစပ်ထဲရှိရာအော်နေတတ်သူမှာ ၁၈နှစ်သားဂျစ်ကန်ကန်‌ေကာင်‌ေလးဖြစ်သည်။

“ဟ အငယ်ကောင်ဘာထဖောက်တာလဲ။တိတ်တိတ်‌နေ‌ေလကွာ။ဧည့်သည့်တွေအာရုံနောက်အောင်”

You've reached the end of published parts.

⏰ Last updated: Oct 14 ⏰

Add this story to your Library to get notified about new parts!

Colorful fragranceWhere stories live. Discover now