"His red flags went unnoticed—I’m colorblind to them"
"Phuwin မင်း အတည်ကြီးလား"
"အတည်ပေါ့ကွ ငါဆိုတဲ့ Phuwin ဘဝမှာ အတည်မဟုတ်ပဲ ဘာမှ မစဘူး"
"မင်းအတည်ဆိုလဲ ပြီးရော အော် နေအုံး နေအုံး ငါသတိမပေးဘူး မပြောနဲ့ မင်းကောင်က red flag နော် မင်းတစ်နေ့လဲတဲ့ အဝတ်အစားအရေအတွက်ထပ်တောင် သူ့တစ်နေ့ထဲ တွဲသွားတဲ့ မိန်းကလေးအရေအတွက်ကများတယ်"
"ငါကြားပါတယ်ကွ မင်း စိတ်မပူနဲ့ ငါအဆင်ပြေတယ်။"
"တကယ်လား rde flagနော်"
"ရတယ် ရတယ် ငါက color blind ကွ"
"မင်းခံစားရမယ် သူလိုလူကဘယ်သူ့မှအတည် မကြိုက်ဘူး"
"ငါ့ကို ကြိုက်တယ် ပြောတာမဟုတ်ဘူး ချစ်တယ်ပြောတာကွ"
အချစ်ဆိုတာ ဖြူသလား မဲသလား နီသလား ဝါသလားတောင် မသိတဲ့ ကောင်က သွားကြိုက်တာက တကယ့်အလံနီ ဖြစ်နေမယ်လို့ မထင်ခဲ့မိ။ တကယ်လို့ အာ့နေ့က သူသာ မခေါ်သွားခဲ့ရင် သူ့သူငယ်ချင်းကို ဒီလိုလူနဲ့ မဆုံအောင်တားနိုင်ခဲ့မလား။
_____________
ရိုးသားကြိုးစားတဲ့ ကောင်လေး Phuwin Tang ဟာ ပိန်ပိန်ပါးပါး အရည်ရှည်ရှည်နဲ့ မျက်မှန်ထူကြီးတွေတတ်ပြီး အမြဲတစေ စာမှစာ ဖြစ်နေခဲ့တာ။အာ့လိုလူမျိုးကို ဟိုနေ့က ကျောင်းက စီနီယာဂျူနီယာတွေချိန်းပြီး သောက်ကြတဲ့ ပွဲကို ခေါ်သွားမိသည်။
အရက်နဲ့ မတည့်တဲ့ ကောင်မို့ အရက်သောက်တာနဲ့ မျက်နာတစ်ခုလုံး ရဲကာ ချစ်စရာကောင်းတဲ့ ကောင်လေးအဖြစ် ပြောင်းသွားတဲ့ ကောင်ကို ကျောင်းက နာမည်ကြီးစီနီယာနဲ့ တွဲပြန်ခိုင်းမိတာ။ဘယ်သူကထင်မှာလဲ အရက်မူးပြီး မျက်နာနီနေတဲ့ကောင်လေးကို ကျောင်းရဲ့နာမည်ကြီး အသဲခွဲဘုရင်က ချစ်တယ်ပြောလိုက်မယ်လို့။
ရိုးသားတဲ့ သူငယ်ချင်းက စကားပြောကောင်းတဲ့လူရဲ့ မင်းကိုပဲချစ်တာ အရင်လူတွေကို မချစ်ဘူးဆိုတာကို ယုံလာကာ။တွဲမလား တွဲမယ်လုပ်လာလို့ ခေါင်းပိုကိုက်ရသည်။
"ဟူးး Phuwin Tang Phuwin Tang ငါ Joong Archen က မင်းအပေါ်မှာ ဘာအကြွေးတွေရှိလို့ မင်းကြောင့်ခေါင်းကိုက်နေရတာလဲ"
YOU ARE READING
Colorblind ||𝙿𝚘𝚗𝚍𝙿𝚑𝚞𝚠𝚒𝚗||
Fanficတစ်ဘဝမှာ တစ်ခါပဲချစ်ချင်ပြီး အကယ်၍များ နောက်တစ်ခါထပ်ချစ်ရမယ်ဆိုရင်လဲ Pond Naravit ကိုပဲ ထပ်ခါထပ်ခါ ချစ်ချင်မိသည်။