Chapter 154
Chapter 154October 20, 2023
(ဝမ်တန်ဖက်ထုပ်)လင်းယောင်ယောင် မှိန်းခနဲ အိပ်ပျော်သွားသည်။ လင်းရွှမ် သည် သူ့ရင်ဘတ်ပေါ် ခေါင်းတင်စေလျက် ပေါင်ပေါ်ထိုင်စေကာ အနေအထားကို ပြောင်းလဲလိုက်သော်လည်း သူမ မနိုးလာသေးပေ။
ဆွေးနွေးစရာရှိသည့်အခါ လင်းရွှမ် သည် တစ်ခါတစ်လေ သူ့ ထင်မြင်ချက်ပေးရာတွင် စကားကို တိုတိုတုတ်တုတ်သာ ပြောပြီး တမင်တကာ အသံကို လျှော့ထားသည်။သူ စိတ်မဆိုးအောင်
တခြားလူတွေကလည်း စကားပြောသည့်အခါ လေသံကိုလျှော့ပြောဖို့ အစွမ်းကုန် ကြိုးစားကြသည်။
အိမ်ရှင်အနေနှင့် ပိုင်ရွှင်း က ဧည့်ဝတ်ပြုလိုက်သည်။
"မစ္စလင်း အတွက် သီးခြားနားနေခန်းတစ်ခု ထားရမယ်ထင်တယ်...ကျွန်တော် ကြိုမသိတဲ့အတွက် တောင်းပန်ပါတယ်"
လင်းရွှမ် သူ့ကို ခေါင်းခါပြလိုက်သည်။
ပိုင်ရွှယ်သည် လင်းရွှမ် က ကောင်မလေးကို အတော်ပင် ချစ်နေကြောင်းမြင်နေရသော်လည်း အခုထိ မယုံနိုင်သေးချေ။သူမ မနာလိုဖြစ်စွာ တိုးတိုးလေးပြောလိုက်သည်။
"သူမက ဒီလောက်တောင် အိပ်ရတာ အရမ်းကြိုက်နေတာ…အိမ်မှာနေတာ ပိုမကောင်းဘူးလား"
သူမ စကားဆုံးသည်နှင့် လင်းရွှမ် က ချက်ချင်း အေးစက်စက်နှင့် သူမကိုကြည့်နေလေသည်။ သူ့မျက်လုံးများက အေးစက်နေသဖြင့် ပိုင်ရွှယ် သည် နောက်ကျောအထိ အေးစက်နေသလို ဖြစ်လေသည်။ သူမ၏ အစ်ကိုကြီး ပိုင်ရွှင်းလို စကားများများစားစားမပြောဘဲ အနေအေးသူကတောင် သူမကို အေးစက်စက်ဖြင့် သတိပေးနေသလိုမျိုးကြည့်နေလေသည်။
ပိုင်ရွှင်း ၏ လူယုံတော်နှင့် လက်အောက်ငယ်သားများသည်လည်း ပိုင်ရွှယ် အား စာနာစိတ်ဖြင့် လင်းရွှမ်ကိုရံဖန်ရံခါ စိုက်ကြည့်ကြသည်။ လင်းယောင်ယောင် ကို ရံဖန်ရံခါကြည့်နေသည့် သူတို့၏ အကြည့်များသည်လည်း မီးဟုန်းဟုန်း တောက်လောင်နေ၏။ ဖြူစင်သော အသွင်အပြင်ရှိသော ဤကဲ့သို့ ဖြူစင်သော မိန်းကလေးသည် ဟယ်လင်မှာ မပြောနှင့်၊လူသားများနေထိုင်ရာ ဘယ်ဂြိုလ်မှာမဆို ကောင်းကင်ဘုံက နတ်သမီးမှန်း လူတိုင်းသိကြမည်သာ။ လင်းရွှမ် ထံမှ တစ်စုံတစ်ယောက်အား လုယူရန် မဖြစ်နိုင်ကြောင်း သူတို့ သိထားသော်လည်း မနေနိုင်သဖြင့် ကြည့်မိလေသည်။ တစ်ဖန်၊မာနကြီးသည့် မစ္စပိုင် ကို ပြန်ကြည့်လိုက်သည့်အခါ သူမက မစ္စလင်းလောက် မချောမောကြောင်း ရိပ်မိသွားကြလေသည်။
YOU ARE READING
ကိုကို့နှင့်သူ့ဘေဘီအစားသရဲလေး
Romance💥New Normal အချက်အပြုတ် novel တောင်းနေတဲ့ချစ်လေးတို့တွက်လာပါပြီရှင် ... Title- Futuristic Gourmet's Spoiled Marriage Description ဖုဘလော့ဂါလေး လင်းယောင်ယောင် သည် "ဒဏ္ဍာရီထဲမှ အရှင်သခင်" ဆိုသည့်ဝတ္ထုတွင် သူမနှင့် နာမည်တူနေသည့် အမျိုးသမီး ဇာတ်ပို့ဇ...