chapter 157

73 9 0
                                    

Chapter 157
Chapter 157October 22, 2023
(ထောင်ချီရှိသည့် ပိုးချည်စပျစ်နွယ်ပင်များ)

လင်းယောင်ယောင် သည် မီးဖိုချောင်ထဲသို့ ဝင်သွားပြီး SS-အဆင့် ဇာ့ခ်အသား ဆေးဟင်းချိုအိုးကြီးကို ကျိုချက်လိုက်သည်။ 168 ၏ဗိုက်ကိုဖြည့်ရန်နှင့်ယခင်တိုက်ပွဲတွင် အသုံးပြုခဲ့သောစိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာစွမ်းအင်ကိုပြန်လည်သက်သာရန်အတွက်ဖြစ်သည်။ ထို့နောက် သူမသည် အရသာရှိသော ဟင်းလျာအသစ်များကို ချက်စားချင်စိတ်ဖြစ်လာမိသည်။

ပိုင်မိသားစုအပေါ်  သူမ၏ ခံယူချက်သည် အလွန်ဆိုးရွားနေပြီဖြစ်သည်။ နောက်ဆိုလျှင် သူတို့နှင့်ပူးပေါင်းဆောင်ရွက်ရန် မဖြစ်နိုင်ချေ။  သို့ရာတွင်၊ လူထောင်သောင်းချီရှိသော  ညသိမ်းငှက်တပ်ဖွဲ့၏ လက်ရွေးစင်တပ်သားများကိုသာ အားကိုးပါက တာဇာကြယ်ပွင့်မဟာမိတ် အစိုးရကို အောင်မြင်စွာ တိုက်ခိုက်ရန်မှာ ခက်ခဲလွန်းလှသည်။ တစ်ယောက်တည်း တိုက်ရခြင်းက ခက်သည့်အတွက် ပူးပေါင်းမည့်သူကို ရှာခြင်းမှာ ပိုကောင်းသည်။ ထို့ကြောင့် ဘရမ် မိသားစုနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည်။

ဖြည့်စွက်စားသောက်ကုန်လုပ်ငန်းတွင် ဘရမ် မိသားစုနှင့် ပူးပေါင်းဆောင်ရွက်တော့မည်ဖြစ်သောကြောင့် သူမ၏စွမ်းရည်နှင့် ရိုးသားမှုကို ပြသရန်ဖြစ်သည်။ထို့ကြောင့် ဇာ့ခ်အသားများနှင့် ပင်လယ်သားရဲအသားများအပြင် တရုတ်ရိုးရာ ဟင်းလျာစစ်စစ်များကို ပိုမိုချက်ပြုတ်ရန် စီစဉ်ထားသည်။ သူမသည် ဘရမ်မိသားစုမှ ဧည့်သည်များကို နောင်တစ်ချိန် တာဇာကြယ်ပွင့်မဟာမိတ်မှ ထွက်ခွာပြီးသည့်တိုင် ဟင်းလျာများအား ထပ်စားချင်လာအောင် ပြုလုပ်ပေးချင်သည်။သို့ဆိုလျှင်၊ရေရှည်ပူးပေါင်းဆောင်ရွက်မှုကိုလည်း ဆက်လက်ထိန်းသိမ်းထားနိုင်သည်။

လင်းယောင်ယောင် သည် အမျိုးမျိုးသော ဇာ့ခ်အသားများဖြင့် ဂန္ထဝင်ဟင်းလျာများပြုလုပ်ရန် ရွေးချယ်ခဲ့သည်။ အမျိုးမျိုးသော ပင်လယ်သားရဲအသားများများနှင့် အလွန်အရသာရှိသော ပင်လယ်ကမာများကို ပြုလုပ်ရန် ဆုံးဖြတ်ခဲ့သည်။

ကိုကို့နှင့်သူ့ဘေဘီအစားသရဲလေးWhere stories live. Discover now