Chapter 158
Chapter 158October 22, 2023
(ဇာ့ခ်များ၏ဧကရီ)လီလစ် ၊ လင်းယောင်ယောင် နှင့် လင်းရွှမ် တို့ကြားမှ ချိုမြိန်သော ဆက်ဆံရေးအတွက် ကြည်နူးမိသော်လည်း ဂျက်စတင် အလွန်ပင်မနာလိုဖြစ်မိသည်။ သူ မနာလို ဖြစ်နေမှန်းသိသွားသော လီလစ်က ချက်ချင်းပင် သူ့နားရွက်ကိုဆွဲလိုက်ရာ သူ ခပ်မြန်မြန် ကတိပေးလိုက်သည်။
"ချစ်လေး ကိုယ် မင်းကို ချစ်တယ်..တစ်ကယ်တော့ ကျိန်ဆဲတယ်ဆိုတာကလည်း ချစ်တာပဲမလား...မင်းက ကိုယ့်ကိုကန်မယ်ဆိုတာလည်း လေးလေးနက်နက်ချစ်တယ်လို့ ပြောလိုက်တာပဲပေါ့"
လင်းယောင်ယောင် က လင်းရွှမ် ၏ ရင်ခွင်ထဲမှ နေ၍ တခစ်ခစ် ရယ်မောနေမိလေသည်။ ထို့နောက် လင်းရွှမ် က သူမကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ကာ သူမ၏ ပျော့ပျောင်းသော ဆံပင်များကို နူးညံ့စွာ နမ်းလိုက်သည်။
အချစ်ကိုဖော်ပြဖို့ နည်းလမ်းများစွာရှိပေသည်။ ဥပမာအားဖြင့်၊ အချို့သောသူတို့သည် သူတို့လက်တွဲဖော်၏ အကြိုက်ကလေးများကိုပင် ဂရုတစိုက်မှတ်ထား၍ ကြင်ကြင်နာနာဆက်ဆံကြသည်။အဆက်ဆံခံရသူကလည်း ပျော်ရွှင်ကြသူချည်းသာ။
ညနေပိုင်းတွင် ခေါင်းဆောင်၏နားနေခန်းသို့ ပြန်သွားကာ အိပ်ကြသည်။
လင်းယောင်ယောင် သည် လီလစ် ၏ "ထက်မြက်ပြီး ကြမ်းတမ်းသော" ပုံစံကို အသိအမှတ်ပြုကြောင်း လင်းရွှမ်အား ပြောလိုက်သည်။ ထောင်ချီရှိသည့် ပိုးချည်စပျစ်နွယ်ပင်မျိုးနွယ်သည် ဝိညာဉ်ပန်းပွင့်မျိုးနွယ်နှင့် ဆက်စပ်နေသော မျိုးနွယ်စုဖြစ်ထိုက်သည်ဟု သူမ ခံစားမိသည်။ လီလစ်သည် အလွန်နှစ်သက်ဖွယ်ကောင်းသည်။အနည်းဆုံးတော့ သူမသည် ပိုင်မောင်နှမတွေထက် ကျေနပ်စရာ ကောင်းသည်။
လင်းရွှမ် သည် သူ့နှလုံးသားထဲတွင် အနည်းငယ် နာကျင်သွားရသည်။ သူက ချစ်စရာကောင်းပြီး နူးညံ့သော မိန်းကလေးကို သူ့ရင်ခွင်ထဲတွင် ချုပ်ကိုင်ထားကာ နီရဲနေသော နှုတ်ခမ်းလေးကို နမ်းလိုက်သည်။
"နေ့ခင်းဘက်မှာ သူမနဲ့ နေရင်လည်း ကိုယ် ကန့်ကွက်စရာ မရှိဘူး…ဒါပေမယ့် ညဘက်ကျရင် ကိုယ့်အကြောင်းပဲ တွေးလေ..."
YOU ARE READING
ကိုကို့နှင့်သူ့ဘေဘီအစားသရဲလေး
Romance💥New Normal အချက်အပြုတ် novel တောင်းနေတဲ့ချစ်လေးတို့တွက်လာပါပြီရှင် ... Title- Futuristic Gourmet's Spoiled Marriage Description ဖုဘလော့ဂါလေး လင်းယောင်ယောင် သည် "ဒဏ္ဍာရီထဲမှ အရှင်သခင်" ဆိုသည့်ဝတ္ထုတွင် သူမနှင့် နာမည်တူနေသည့် အမျိုးသမီး ဇာတ်ပို့ဇ...