"Fot ဒီနေရာမှာ မင်းအတွက် အထူးသီးသန့် ဆိုတာ မရှိဘူး"
............................................................
ထို စကားလုံးများအောက်တွင် Fot သည် ငိုင်ကျသွားသည်။ တစ်ချိန်တည်းမှာပင် လွန်ခဲ့တဲ့ နှစ်များစွာက May ပြောခဲ့သော စကားများကို ပြန်ကြားယောင်လာသည်။
* Gem က နင့်လို ခံစားရပါ့မလား... နင့်လို ယောင်္ကျားလေး တစ်ယောက်အပေါ် နင့်လို ခံစားချက်မျိုးရှိပါ့မလား မဟုတ်သေးဘူး ... အဲ့လို ခံစားချက်မျိုးရော ရှိလာပါ့မလား...
* နင်နဲ့ ငယ်ငယ်တည်းက ရှိခဲ့တာနဲ့ တသက်လုံး နင်နဲ့ပဲ ရှိသွားမယ်လို့ နင်တွက်ထားတာလား..
May စကားတွေက တကယ်ကို မှန်နေပါသည်။
သူပဲ လောဘကြီးခဲ့တာ... တကယ်ကို သူတစ်ဖက်တည်းပဲ ဖြစ်ခဲ့တယ် ထင်ပါတယ်...
ဒါပေမဲ့ ခံစားချက်ဆိုတာက ဖြတ်တောက်ပစ်ချင်လဲ ဖြတ်တောက်လို့မှ မရတာ...
သူသည် အသိကို ပြန်ကပ်လိုက်ပြီး အရှေ့တွင် ထိုင်နေဆဲ Gem ကို ပြန်ကြည့်လိုက်သည်။
"အင်း ငါဆပ်မှာပါ ငါဘယ်လိုနည်းနဲ့ပဲ ဖြစ်ဖြစ်ဆပ်မှာပါ မင်းစိတ်ချ"
Fot သည် ပြိုလဲချင်နေသည့် စိတ်ကို ထိန်းလိုက်ကာ ထပြန်ရန်လုပ်သည်။
သူသည် ဒီစကားတွေပဲ ပြောဖို့လာခဲ့တာပါ။ ဒါပေမဲ့ Gem ၏ စကားတွေကို ကြားရတော့ သူရင်ထဲ လစ်ဟာသွားခဲ့သည်။ တစ်ခုခု ပျောက်ဆုံးသွားသလို ခံစားရသည်။ စိတ်တွေကလည်း ပြိုတော့မယ် မိုးလို အုံးမှိုင်းနေခဲ့ပြီ။
သူသည် ဒီနှစ်တွေမှာ Gem ဆီမှ အဆက်အသွယ်လုပ်လာမည်ကို သေမလောက် မျှော်လင့် ခဲ့ပါသည်။ Gemသည် သူ့ကို အနည်းငယ်လောက် သတိရလိမ့်မည်ဟု ထင်ခဲ့သည်။
သူ့ကိုယ်သူ သိပ်အထင်ကြီးလွန်းနေသည် ထင်သည်။
Gem သည် ထပ်ကာပြောသည်။
"၁လ အတွင်းဆပ်ရမှာနော်"
သူသည် အသက်မပါစွာ ပြုံးပြီး ခေါင်းကို ငြိမ့်ပြလိုက်သည်။
သူ ဒီခံစားချက်တွေကို လက်လွှတ်လိုက်သင့်သည့် အချိန်ရောက်ပြီလား။