ဒီနေ့ကသောကြာနေ့ပေါ့...။
သောကြာနေ့တိုင်းကကျောင်းသားတွေအတွက် အပျော်ဆုံးနေ့တစ်ရက်ဖြစ်ချေသည်။ တက္ကသိုလ်ဆိုသည့်အတိုင်း စည်းကမ်းတင်းကြပ်လှသည်။ လူတစ်ယောက်ရဲ့လွတ်လပ်ချိန်တွေကိုဖဲ့ယူထားသည့်နေရာကိုတစ်ချို့သောကျောင်းသားများကမနှစ်သက်ကြချေ။ တက္ကသိုလ်မှာပျော်စရာကောင်းတာဆိုလို့ ကျင်းပသည့်ပွဲများပင်ရှိမည်ဟု အတော်များပင်တွေးကြသည်။ စာသင်ယူရတာကလည်း အသိဥာဏ်ပညာတစ်ခုတိုးသည်ဆိုပေမယ့် ဆယ်တန်းတုန်းကထက်စည်းကမ်းအင်မတန်ကြီးသည့်နေရာကို မနှစ်မျို့ကြပါ။ ဝါသနာနဲ့ရှေ့ရေးအတွက် တစ်နှစ်နီးပါးလောက်ကြီး အတင်းကြပ်ခံရအုံးမည်ဖြစ်သည်။ ရည်မှန်းချက်ကြီးရင်တော့၄နှစ်ပေါ့။
တက္ကသိုလ်ကျောင်းတော်ကြီးရဲ့ လမ်းအလယ်တည့်တည့်တွင်ခြေချလိုက်သည့် ခြေဖမိုးအဖြူလေး။ ကတ္တီပါအနက်လေးပေါ်မှာစိန်အဖြူလေးများကဝန်းရံထား၏။ ပါတိတ်အစိမ်းပြာရောင်နဲ့မိန်းကလေးဟာ လူကြားထဲထင်းပေါ်နေသည်။ ဖြတ်သွားနေတဲ့လူတွေကြားထဲမှာ ထိုအမျိုးသမီးကပင်အလင်းရောင်တစ်ခုလိုဖြာထွက်နေသည်။ မိန်းကလေးပီပီကျောပိုးအိတ်ကိုမသုံးပဲ ဘေးလွယ်အိတ်လေးကိုသာ ပုခုံးလေးပေါ်အသာအယာတင်ထား၏။ တစ်ဖက်လက်ကအိပ်ကိုကိုင်၊ တစ်ဖက်လက်ကလက်သီးကိုတင်းကြပ်ဆုပ်ကိုင်ထားသည်။ ပုခုံးပြင်သေးသေးလေးကလွယ်အိတ်ကြိုးလေးနဲ့တင်နေရာမရှိချေတော့။ ခြေတစ်လှမ်းလှမ်းလိုက်သည်နှင့်စွဲဆောင်မှုကအပြည့်။ ခြေမဖိုးကနေမျက်ဝန်းအိမ်တွေအထိ ညှို့ချက်ပြင်းသည့်ထိုမိန်းကလေးဟာ ခပ်တည်တည်သာ။
မျက်ဝန်းတွေကိုစိုက်ကြည့်ပါလျှင် ဒဏ်ရာတွေတစ်ချို့ကိုတွေ့မြင်ရမှာဖြစ်သည်။ကျောင်းဖွင့်တာ ၁လရှိပြီ။ အားကစားရာသီမို့ပြိုင်ပွဲတွေကိုမနေမနားတမ်းအားပေးနေရသည်။ စာတွေနဲ့လုံးပန်းနေလို့ဝင်ပြိုင်ဖို့ရာအားမရှိခဲ့ချေ။ မေဂျာဥာနတွေဘက်ကအဖွဲ့တွေကို အားပေးရုံလောက်သာတတ်နိုင်ကြသည်။ တက္ကသိုလ်ကအထက်တန်းထက်ပိုပျော်စရာကောင်းသည်ဆိုရမည်။ တစ်နေကုန်မနားတမ်းနေရပေမယ့် အရာရာဟာစိတ်ဝင်စားဖို့ကောင်းခဲ့သည်။ ကျောင်းအဆောင်တွေကမလိုအပ်လို့မသုံးအပ်ပါ။ အဆောင်နဲ့သာနေရရင်အတော်စည်းကမ်းလိုက်နှင်းရမည်။ ဒါကလည်းကိုယ့်မြို့ကိုယ့်ရာမို့တပန်းသာသည်လေ။ မနက်ပိုင်းဆိုစင်္ကြန်လမ်းတွေမှာရောတက္ကသိုလ်လမ်းတွေမှာပါသွားလာနေတာကိုမြင်ကြရမှာဖြစ်ပြီး၊ နေ့လည်ဆိုရင်ကန်တင်းမှာလူပြည့်နေတာကိုတွေ့ကြရသည်။ ကံကောင်းတာတစ်ခုကကန်တင်းကတစ်ခုထဲမဟုတ်တာပင်။ စျေးကြီးဆိုင်တစ်ဆိုင်လိုဆူညံသံတွေကတော့အမြဲကြားရ၏။ စတက်ခါစမလို့နေသားတော့မကျခဲ့။
YOU ARE READING
ရွေးချယ်ရန် အထိုက်သင့်ဆုံးသူ [ on going ]
Short Story~ အချစ်ကိုဥပက္ခာပြု၍ ဦးနောက်နဲ့ ရွေးချယ်ရမည်ဆိုရင်တောင် မင်းကရွေးချယ်ဖို့ ထိုက်သင့်တဲ့သူ ~