''ယိမ်းရဝီမောင် ဗျို့ ယိမ်းရဝီမောင်ရေ''''ဟေ သမီး ဖွေးစိန် ရဝီ့စီလာတာလား''
''ဟုတ် ဆရာမလေး ယိမ်းရဝီမောင်ပြန်ရောက်နေတယ်ကြားလို့ သမီး ယိမ်းရဝီမောင်စီကိုလာခဲ့တာပါ ''
''အေး အေး သမီး အထဲဝင်လာလေ ဆရာမ ခေါ်ပေးမယ်နော်''
''ဟုတ်ကဲ့ ဆရာမ ''
''ရဝီရေ ရဝီ ဒီမှာ ဖွေးစိန်လေးလာတယ် အောက်ကို ခနဆင်းခဲ့ပါအုံးကွယ်''
''လာပြီမေမေရေ ခနလေးနော်''
အသံသာကြားပြီး လူမရောက်သေးတဲ့ သမီးဖြစ်သူ ယိမ်းရဝီမောင်ကို ဒေါ်ယိမ်းနွဲ့ဟန် တစ်ယောက်ကတော့ ခေါင်းခါနေတော့သည်။
''အဲ့ဒါတာ ကြည့်တော့ သမီးဖွေးစိန်ရေ ပြန်ရောက်ကတည်းက အပေါ်မှာ ဘာလုပ်နေမှန်းကို မသိပါဘူး တစ်နေကုန်အခန်းထဲမှာဘဲ နေနေတာ''
မောင်လဲ လှေကားပေါ်က ဆင်းလာလာချင်း မေမေ့အသံကိုကြားလိုက်ရသည်။
''မောင့် အကြောင်းဘာတွေပြောနေကြတာလဲ မေမေ''
''ဘာမှမပြောပါဘူးရှင် သူငယ်ချင်းတွေ လွပ်လွပ်လပ်လပ် စကားပြောနေကျနော် မေမေ ဟင်းသွားချက်လိုက်အုံးမယ်''
''ဟုတ် မေမေ''
မေမေထွက်သွားတော့ မောင်လဲ ဖွေးစိန်ဘက်ကိုလှည့်ကာ
''ငါလဲ အခုဘဲ နင့်စီကို လာတော့မလို့ဘဲ မဲကြီးရ''
''ဟာ နင်ကလဲ အဲ့ နာမည်ကြီး မခေါ်ပါနဲ့ဟာ ငါ့အမေပေးခဲ့ ငါ့နာမည် ဖွေးဖွေးစိန်လေး ဘဲ ခေါ်ပါဟာ''
''အမယ်လေး မခေါ်နိုင်ပါဘူး မဲကြီးက မဲကြီးပေါ့ ဘာကို ဖွေးဖွေးစိန်လဲ နင်တို့ အမေကလဲ နာမည်ပေးတတ်တယ်နော် မီးသွေးခဲကိုကတ္တရားစေး လောင်းထားနင့်ကိုမှ ပေးစရာနာမည်ရှားလို့ ဖွေးဖွေးစိန်တဲ့ ဟားဟား ဒေါ်စိန်တုတ်ကတော့ နာမည်ပေးတာတော်တော် တော်တယ် နင့်အသားအရည်နဲ့ဆန့်ကျင့်ဘက်ကို ပေးထားတာဘဲ"
''ဟာ ရဝီမောင်နော် အခုမှတွေ့တာကို နင်က ငယ်ကျိုးငယ်နာတွေ ဖော်ပြီ ငါ့ကို ဘလိန်းနေပြီး"
YOU ARE READING
ဗျို့ မမခင်
عاطفيةခင် ၊ မမခင် ၊မောင့်ရဲ့ တစ်ဦးပိုင်လေး ခင် ခင်ဆိုတဲ့ အမျိုးသမီးလေးက မောင့်နှလုံးသားကို ဟိုးအရင်ကတည်းကနေ အခုချိန်ထိ ချုပ်ကိုင်ထားနိုင်သူ။ ဘဝက ရုပ်ရှင်မဟုတ်မှန်း မမခင်နဲ့တွေ့မှ မောင် နားလည်တော့တယ်။