"ငါကတော့ ဒေါက်တာစိုင်းရှင်းနောင်နဲ့မှ မဟုတ်ရင် ဘယ်သူနဲ့မှမကုနိုင်ဘူးနော်"
"အဘွားကလည်းဗျာ"
ခပ်တင်းတင်းဆိုလာတဲ့ အဘွားကို ဘယ်သူမှမတားနိုင်ပါ။သူနာပြုမလေးတွေဆို အဘွားနဲ့ခပ်ဝေးဝေးမှာ ရပ်ကြည့်နေကြသည်။ဒီအဘွားအိုကို သူတို့ဘာမှမပြောရဲပါ။ဒီဆေးရုံရဲ့အဓိရှယ်ယာရှင်ကြီးမို့ ပိုရှိန်တာလည်းပါသည်။
"ဒေါက်တာက အရေးကြီးကိစ္စနဲ့ အပြင်ခနသွားလို့ပါ အဘွား"
"အို အဲ့ဒါဆို ပြန်လာမှာဘဲ မဟုတ်လား။
ငါ့မှာ ဘာအလုပ်မှမရှိဘူး။ထိုင်စောင့်လိုက်မယ်"ဒေါ်ခင်မဒီရဲ့အပြောကြောင့် သူနာပြုမလေးတွေသည် နှာခေါင်းရှုံ့ကြသည်။ဘယ်လိုဘဲဆိုဆို ဒီလောက်ကြီးကျ တရားလွန်းလွန်တယ်မဟုတ်လား။တစ်ခြား ဆရာဝန်တွေလည်း ရှိတာဘဲကို
နှာခေါင်းသာ ရှုံ့ကြပေမယ့် အပြစ်မြင်မိမျိုးတော့မရှိပါ။သူတို့ကိုယ်တိုင်လည်း နေမကောင်းရင်Drစိုင်းရှင်းနောင်နဲ့ဘဲ ကုသချင်ကြတာမို့လေ။ဒေါက်တာရဲ့နွေးထွေးတဲ့ရုပ်ရည်လေးနဲ့တင် ရောဂါတစ်ဝက်က သက်သာစေပြီး၊စေတနာ ဂရုဏာနဲ့ကျန်တစ်ဝက်က သက်သာသည်မို့လေ
"အနှိုင်းမဲ့"လို့အမည်ရတဲ့သူတို့ဆေးရုံသည် မန္တလေးကနာမည်ကြီးဆေးရုံထဲမှာပါပြီး ဆရာဝန်တွေကလည်း တကယ်ကို နိုင်ငံခြားပြန်၊သမားတော်၊အထူးကုတွေ ဖြစ်ကြသည်။လူတော်တွေစုနေတဲ့နေရာလို့ပြောလို့ရပြီး ဆရာဝန်တွေကလည်း သူ့ထက်ငါ အပြိုင်အဆိုင်တွေများလှသည််။
အဲ့ဒီထဲမှာမှ သာမန်အထွေထွေကုဆရာဝန်လေးတစ်ယောက်ရှိသည်။အခြားဆရာဝန်များနဲ့မတူ နောက်ခံကျောထောက်မရှိပါဘဲ ဒီနေရာမှာ နာမည်အကြီးဆုံးသူဖြစ်သည်။နွေးထွေးပြီး မေတ္တာဂရုဏာအပြည့်ပါတဲ့ဆရာဝန်ငယ်ငယ်လေးမို့ လူနာများ အထူးသဖြင့် အသက်ကြီးကြီးနဲ့ဇီဇာကြောင်တဲ့လူနာများရဲ့အချစ်တော်ဆရာဝန်လေးဖြစ်သည်။
"ဟော ဒေါက်တာ ရောက်လာပြီးဘဲ"
စိုင်းရှင်းနောင်သည် ထိုင်စောင့်နေပုံရတဲ့အဘွားခင်မဒီကိုတွေ့လိုက်တာကြောင့် အားနာသွားရသည်။