............................"""ဟင်..........."""
သုံးယောက်သာ သက်ပြင်းရှည်
ချလိုက်မိကြသည်။
သတင်းခေါင်းစဉ်အမျိုးမျိုးတို့အောက်မှာ
"WIGကုမ္ပဏီCEOနှင့် CEO၏ အမျိုးသား
မစ္စခေတ်ဟောင်းတို့ ပျောက်ဆုံးနေပါသည်"
ဆိုသည့် သတင်းစာသားသည်
မြန်မာနိုင်ငံရှိသတင်းChannelများတွင်မက
အခြားသော နိုင်ငံများ၏
သတင်းChannelများတွင်လည်း
ဟိုးလေးတကျော်ကျော် နာမည်ကြီးနေသည်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့များနှင့်အတူ
ကယ်ဆယ်ရေးအဖွဲ့များကပါ
မိုးတိမ်ယံနှင့် ခေတ်ဟောင်းကို
အသည်းအသန် ရှာဖွေးနေကြသည်။
မိုးတိမ်ယံနှင့် ခေတ်ဟောင်း
ပျောက်ဆုံးနေသည်မှာ
သုံးရက်ပြည့်တော့မည်။လွန်ခဲ့သည့်နှစ်ရက်က ဝင်္ကပါစံအိမ်ကြီး
မီးလောင်ပေါက်ကွဲသွားသည့်နေရာကနေ အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်း
အကြွင်းအကျန်နှင့်
အမျိုးသားငါးဆယ်ဦးတို့၏
ရုပ်အလောင်း အကြွင်းအကျန်များကို
ရဲများ ရှာဖွေတွေရှိခဲ့သည်။
ထိုအမျိုးသမီးတစ်ဦး၏
ရုပ်အလောင်း အကြွင်းအကျန်ကို
စစ်ဆေးပြီးသည့်အခါ သေဆုံးသွားသူ
အမျိုးသမီးသည် အန်နီဖြစ်ကြောင်း
သိရှိခဲ့ရသည်။ အမျိုးသားငါးဆယ်ဦးတို့၏
ရုပ်အလောင်း အကြွင်းအကျန်များထဲက
အမျိုးသားတစ်ဦး၏ ရုပ်အလောင်း
အကြွင်းအကျန်သည် ရှိန်ထက်
ဖြစ်နေခဲ့သည်။ ဝင်္ကပါစံအိမ်ကြီး
မီးလောင်ပေါက်ကွဲရာတွင်
ရှိန်ထက်နှင့် အန်နီ မီးတောက်ထဲ
ပါသွားခဲ့ပြီး အသက်သေဆုံးသွားခဲ့ကြသည်။ဝင်္ကပါစံအိမ်ကြီး မီးလောင်ပေါက်ကွဲရာမှ
အသက်ရှင်လျက်
လွတ်မြောက်လာခဲ့ကြသူများသည်
ခေတ်ဟောင်းနှင့် တိမ်ယံ မပါ
အယောက်နှစ်ဆယ်ခန့်မျှရှိ၏။
ထိုလူအယောက်နှစ်ဆယ်ထဲတွင်
မီးလောင်ဒဏ်ရာ ပြင်းပြင်းထန်ထန်
ရရှိထားသူ ရဲသားခြောက်ဦး၊
ရှိန်ထက် Bodyguardရှစ်ဦး ရှိသည်။
ထိုဒဏ်ရာရသူ (ရဲသားခြောက်ဦးနှင့်
ရှိန်ထက်Bodyguardရှစ်ဦး)
အားလုံးတို့သည် ပုဂ္ဂလိကဆေးရုံးကြီးမှာ
ဆေးကုသမှုခံယူလျက်ရှိသည်။ ရှိန်ထက်
Bodyguard (အကြမ်းဖက်သမားများကို)
ဆေးကုသပြီးလျှင် ပြစ်ဒဏ်ချမှတ်မှာ
ဖြစ်ပါသည်။
YOU ARE READING
I Hate You
خيال (فانتازيا)Warning: 18+ ABO worldကို အခြေခံရေးသားထားပါသည်။ စိတ်ကူးယဉ် ficလေးမို့ အပြင်လောကနှင့် များစွာ ကွာခြားနိုင်ပါသည်။