Part 1

21 2 0
                                    

"ကင်မ်ဂျွန်ဂယူ အခုထိမထသေးဘူးလား ခဏနေဂျောင်ဝူးကလာခေါ်တော့မှာ"အိမ်အောက်ထပ်ကနေလှမ်းပြီးအော်တဲ့ ဂျွန်ဂယူရဲ့မေမေ။

ရေမိုးချိုးပြီးကျောင်း uniform လဲကာအောက်ကိုဆင်းလာတဲ့ဂျွန်ဂယူ။

"ဂယူလေးမနက်စာမြန်မြန်စားတော့ ဂျောင်ဝူးလာခေါ်တဲ့အချိန်နောက်ကျနေလိမ့်မယ်"

"မေမေကလည်းနောက်မကျပါဘူး အရင်ကလည်းဒီလိုပဲဟာကို"

" 🔔"အိမ်ရှေ့မှလူခေါ်ဘဲလ်တီးသံ။
"ပြောရင်းဆိုရင်း ဂျောင်ဝူးလေးရောက်လာပြီထင်တယ်"

"အန်တီ အာညော်ဟာဆယ်ယို ဂျွန်ဂယူရော"

"အခုမှမနက်စာစားတုန်းသားရေ"

"မြန်မြန်စားကင်မ်ဂျွန်ဂယူ ကျောင်းနောက်ကျမယ်"

"ကိုကို မေမေကမှအစကတည်းနောက်ကျနေပြီလုပ်နေတာ မင်းပါမစလာနဲ့နော် နာရီကိုကြည့်လိုက်ဦး မိနစ်၂၀ကြီးများတောင်လိုသေးတယ်"
ဟုတ်ပါတယ်ဂျောင်ဝူးက ဂျွန်ဂယူထက်အသက်၁နှစ်ကြီးပါတယ် နောက်ပြီးအမေတွေကလည်းသူငယ်ချင်းတွေဖြစ်နေကြတော့ သားနှစ်ယောက်ကလည်းညီအကိုတွေလည်းဖြစ်နေပါပြီ။

"သားဂျောင်ဝူးမနက်စာစားပြီးပြီလား"

"ဟုတ်ကဲ့အန်တီ ကျွန်တော်စားပြီးတော့ ဂယူဆီတန်းထွက်လာတာ"

"ဂယူပြီးပြီကိုကို သွားကြမယ် မေမေတာ့တာ"

"အန်တီသွားတော့မယ်နော်"

"အေးအေးသားတို့ဂရုစိုက်သွားကြနော်"
"ဟုတ်ကဲ့"

စက်ဘီးလေးနဲ့နှစ်ယောက်အတူတူကျောင်းသွားရင်း ဂျောင်ဝူးကစကားစလာတယ်

"ဂယူ စာတွေရောလိုက်နိုင်ရဲ့လား နားမလည်တာတွေရှိရင်ကိုကို့စီလာမေးနော်"

"ဟုတ် ဂယူစာတွေလည်းလိုက်နိုင်ပါတယ်ကိုကို"

At school
"ဂယူဒါဆို ကိုကိုအတန်းထဲဝင်တော့မယ်နော် ထမင်းစားချိန်ကြရင် ကန်တင်းသွားဖို့ကိုကိုလာခေါ်မယ်"

"ဟုတ်ကဲ့"
အတန်းထဲကိုရောက်တော့ ဂျွန်ဂယူကနေရာမှာဝင်ထိုင်လိုက်တယ်။

Wanna Be Your LoverWhere stories live. Discover now