(Unicode)
ထယ်ယောင်းဘယ်လောက်ပဲ အထွန့်တက်နေပါစေ သူ့ရဲ့ကြော်ငြာရိုက်ထားတဲ့ video နဲ့ အလှဓာတ်ပုံတွေက ၂ရက်အတွင်းပြီးစီးသွားတော့တယ်...။
ပုံမှန်ဆို တစ်ပတ်လောက်ကြာမှာဆိုပေမယ့် သူကိုယ်တိုင်ရောက်ချလာတဲ့အပြင် ဂျောင်ကုကလွဲပြီးအားလုံးက ထယ်ယောင်းရဲ့ fan တွေဖြစ်တာကြောင့် ထယ်ယောင်းကို အလိုလိုက်အကြိုက်ဆောင်ပေးတော့ ထင်ထားတာထက်မြန်မြန်ပဲ ပြီးစီးသွားတာပေါ့...။
"ကျွန်တော်တို့ရဲ့စတူဒီယိုကို ရွေးချယ်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ်နော် ထယ်ယောင်းရှီ... နောက်လည်းအတူလက်တွဲပြီး အလုပ်လုပ်ခွင့်ရချင်ပါတယ်"
"အင်း... မင်းတို့လက်ရာက မဆိုးဘူးဆိုတော့ အလုပ်လာအပ်ဖြစ်လောက်မှာပါ"
"ကျေးဇူးတင်ပါတယ်နော်... ထယ်ယောင်းရှီနဲ့ ခုလိုဆုံတွေ့ခွင့်ရတာကိုပဲ ပျော်လို့မဆုံးဘူး... အတူတူလက်တွဲပြီး အလုပ်လုပ်ခွင့်ရမယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့...။
ထယ်ယောင်းကတော့ စတူဒီယိုမှာရှိတဲ့သူတိုင်းက သူ့ကိုအရေးပေးတာကြောင့် ကျေနပ်နေတော့တာပေါ့...။ အယ်လ်ဖာတွေဖြစ်တဲ့ ဂျယ်ဟော့နဲ့ဗြောင်ဟွန်းကလည်း ထယ်ယောင်းနဲ့စကားပြောရင် တလေးတစားပါပဲ...။ အဲ...ဂျွန်ဂျောင်ကုကတော့ ချွင်းချက်ပေါ့...။
သူနဲ့အလုပ်အတူတူလုပ်နေတာတောင် စကားကိုအပိုအလိုမရှိပြောပြီး ထယ်ယောင်းဘက်က တအားရစ်လွန်းရင်လည်း စိတ်မရှည်တတ်ပေ...။ သူ့သူငယ်ချင်းတွေ ဝိုင်းပြောကြလို့သာ အလုပ်က အဆင်ပြေပြေနဲ့ပြီးသွားခဲ့တာ...။
ထယ်ယောင်းကလည်း ဂျောင်ကုအဲ့လိုတွေလုပ်လေ သူ့ကိုပိုပြီးနှောက်ယှက်ချင်လေပါပဲ...။ ဒါကြောင့် စတူဒီယိုကိုမကြာခဏဆိုသလို သူရောက်ဖြစ်တော့မယ်ထင်တယ်...။ ပိုက်ဆံပေါလွန်းတဲ့ထယ်ယောင်းအတွက် သူဖြစ်ချင်တာ သူလိုချင်တာမှန်သမျှ ရနေတာပဲဟာ...။
"ဟေ့ရောင်တွေ ငါဒီနေ့စောစောပြန်တော့မယ်နော်"
သူ့အကြောင်းစဉ်းစားနေတုန်းမှာပင် သူက ကျောပိုးအိတ်ကို ပခုံးတစ်ဖက်တည်းမှာလွယ်ရင်း ရောက်ချလာလေတယ်...။ ထယ်ယောင်းကတော့ ခုထိကောင်တာမှာပဲ ငွေချေဖို့လုပ်နေတုန်းရှိသေးတာ...။
YOU ARE READING
Over The Horizon
WerewolfTrue love is eternal, infinite, and always like itself. My first Omegaverse fiction. Jungkook x Taehyung