ရီရောင့်သုန်း ဘူးကိုယူကာ စားပွဲပေါ်မှ ဘောင်းဘီအိတ်ကပ်ထဲ ထည့်လိုက်ပြီး ပြတင်းပေါက်ကို ပြန်ပိတ်လိုက်သည်။
စိတ်ထဲတွင် သေချာစဉ်းစားပြီးနောက်တွင်တော့ အားကွမ်က မဆိုးလှဟု သူ ခံစားရလေသည်။ သူက မိသားစုတွင် တစ်ဦးတည်းသော သားယောက်ျားလေးဖြစ်သည်။ သူ့အဖေက ယခုဆို လှေတစ်စင်းပိုင်ပြီး သူလည်း ယခင်ကလို ပျင်းရိမနေတော့ကာ လိုအပ်ချက်ဟူ၍ ရှိမနေ။
သူတို့က ကျေးလက်ဒေသတွင် နေထိုင်ကြပြီး စားစရာရှိ၍ အလုပ်ကြိုးစားကြသည့် လူငယ်များဖြစ်သောကြောင့် သင့်တင့်သည့် အသက်မွေးဝမ်းကြောင်းရှိခြင်းက အဆင်ပြေလှသည်။
သူနှင့် အားကွမ်က အတူကြီးပြင်းလာသည်ဖြစ်ရာ သူတို့ရဲ့စရိုက်ကိုတော့ ယုံကြည်စိတ်ချထားလို့ရ၏။ သူတို့က လောင်းကစားမလုပ်သလို သောက်စားပျော်ပါးခြင်းလည်း မရှိပေ။ တစ်ခါတစ်ရံမှသာ ကတ်ကစားပြီး နည်းနည်းပါးပါးသောက်ကြခြင်းပေ။ ဒါကလည်း ပုံမှန်သာဖြစ်၏။
ဒါပေမဲ့ ဒီကောင် ဘယ်အချိန်ကတည်းက သူ့ညီမလေးကို ချောင်းနေမှန်း မသိလိုက်တာ!
ငိုး! ငါကတော့ သူ့ကို ညီအကိုလို ဆက်ဆံလိုက်ရတာ သင်းက ငါ့ယောက်ဖဖြစ်ချင်နေတယ်!
ဒီကောင့်ကို ဘယ်လိုလုပ်ပြီး အလွယ်လေး ပေးအောင်မြင်လို့ဖြစ်ပါ့မလဲ၊ နည်းနည်းပါးပါးတော့ ခက်ခဲအောင်လုပ်ရမှာပေါ့!
လင်းရှို့ချင်းတစ်ယောက် အပြင်ဘက်တွင် တဖြည်းဖြည်းမှောင်လာသည်ကို ကြည့်ရင်း ရီရောင့်သုန်း နိုးနေပြီလားဆိုတာ လာဝင်ကြည့်လိုက်သည်။ သူ့ကို နှိုးပြီးလျှင် ကလေးများကို ရေချိုးရန် ခေါ်ရပေအုံးမည်။ တစ်နေကုန် သောင်းကျန်း ဆော့ကစားပြီးနောက်မှာတော့ သေချာပေါက်ကို ညစ်ပတ်နေတော့မည်ပင်။ ရေချိုးပြီးသည်နှင့် သူတို့ကို တစ်ခါတည်း တန်းသိပ်ရန် အဆင်ပြေလေသည်။
အခန်းက မည်းမှောင်နေသည်ကို ကြည့်ပြီး သူ မနိုးသေးဘူးဟု ထင်ကာ ခြေသံဖွဖွလေးနင်းပြီး မီးကို မဖွင့်လိုက်တော့ချေ။
ရလဒ်အနေဖြင့် သူ(မ) ကုတင်းဘေးကနေ အရှေ့သို့လှည့်လိုက်ချိန်တွင် ရုတ်တရက် အဖက်ခံလိုက်ရ၍ သူ(မ)အား ထိတ်လန့်သွားစေကာ အော်လုနီးပါးပင်ဖြစ်သွားပြီး၊ ပြီးနောက်မှ သတိပြန်ကပ်ကာ သူ့အား ခပ်ကြမ်းကြမ်း ထုရိုက်လိုက်တော့သည်။
“ဘာလို့ ဒီလောက်တောင်ခြောက်ရတာလဲ လူကို? မီးလည်းမဖွင့်ဘူး နိုးနေရင်လည်း အပြင်ထွက်လာပါတော့လား”
“ဟဲဟဲ ငါလည်း ခုလေးတင်မှ နိုးလို့ပါကွာ၊ မင်းကို စချင်လို့”
“လူက ကြောက်တတ်တယ်ရှင့် ကြောက်လို့သေတော့မှာပဲ၊ ရှင်က ခိုးကြောင်ခိုးဝှက်နဲ့ ရုတ်တရက်ကြီး လာဖက်တော့ ကျွန်မဖြင့် လိပ်ပြာလွင့်သွားပြီလားလို့တောင် မှတ်တာ”
ရီရောင့်သုန်း သူ(မ)ကျောအား နှစ်သိမ့်လိုဟန်ဖြင့် ပုတ်ပေးကာ
“မင်း ဒီလောက်ကြောက်တတ်မှန်း ဘယ်သူက သိမှာလဲလို့? ဒါက ငါတို့အခန်းလေ မင်းကို ရုတ်တရက်ကြီးဖက်တဲ့လူက ငါကလွဲပြီး ဘယ်သူရှိအုံးမှာလဲ?”
“ကျွန်မက ရှင်အိပ်နေတုန်းလို့ ထင်နေတာလေ”
သူ(မ)က သူ့ကို ဒေါသတကြီး တွန်းထုတ်ပြီး မီးပလပ်ထိုးလိုက်ချိန်တွင် အခန်းက မီးလင်းလာ၏။
“ရှင်နိုးလာပြီဆိုတော့ ကျွန်မ ရှင့်ကို ခေါက်ဆွဲပြုတ်ပေးရမလား?”
“ကောင်းတယ် ကန်စွန်းကြာဇံချက်လုပ်ရအောင်”
“အင်း ရှင် သွားပြီး ကလေးနှစ်ယောက်ကို သွားခေါ်လာပေးပါအုံး၊ ကျွန်မ ကြာဇံချက်ပြီးတာနဲ့ သူတို့ကို ရေချိုးပေးမလို့”
ရီရောင့်သုန်း ဘောင်းဘီနှင့် အင်္ကျီကို အမြန်ဝတ်ပြီး ကလေးတွေကို ရှာရန် ထွက်လာလိုက်သည်။
ကလေးတွေ ဘယ်တွေပြေးပြီး လိုက်ဆော့နေကြမှန်း သူ မသိချေ၊ ရွာလုံးကျွတ်နီးပါး လိုက်ပြေးဆော့နေတာ ဒီကလေးတွေ ပြန်ပေးဆွဲခံရမှာ မကြောက်ကြဘူးလား!
သူ ရွာတစ်ဝက်နီးပါး လမ်းလျှောက်ပြီးနောက်တွင် အသည်းအသန်ပြေးနေသည့် ရီချန်ဟိုက် ဖမ်းဆွဲကာ
“မင်း ဘယ်သွားမလို့တုန်း? ရီချန်ဟူနဲ့ ရီချန်ယန်ကရော ဘယ်မှာလဲ?”
ရီချန်ဟိုက်ခမျာ ကော်လာကနေ ဖမ်းဆွဲထားခြင်းခံရ၍ ဆက်မပြေးနိုင်တော့ချေ။ သူက စိုးရိမ်တကြီးဖြင့်
“သူတို့ ဖမ်းခံထိသွားပြီး ကျွန်တော်တို့စခန်းမှာ ကျွန်အဖြစ် ဒူးထောက်ခိုင်းထားတယ်၊ *စမ်းရှုး ကျွန်တော့်ကို လွှတ်ပေးတော့ ကျွန်တော် သွားဖမ်းရအုံးမယ်...”
(T/N : *စမ်းရှုး - ဦးလေးသုံး)
သူက ပြောပြီးသည်နှင့် အရှေ့သို့ အလျင်အမြန် ပြေးထွက်ချင်နေသော်လည်း ရုန်းမရပေ။ ရီချန်ဟိုက်တစ်ယောက် စိုးရိမ်ကြီးစွာဖြင့်