၁၉၉၈ခုနှစ် စက်တင်ဘာလ ၆ရက်
"သမီးလေး ရေ သမီးလေး..."
"ဟုတ် အန်တီဖြူ ဘာ ကိစ္စများ ရှိလို့လဲရှင့်"
"အန်တီ အသိ ရန်ကုန်က မိတ်ဆွေရဲ့ သားလေး လာလို့ သမီးရဲ့ အဲ့ဒါကြောင့် သမီးအမေရှိလား"
"မေမေတော့ မရှိသေးပါဘူး ပြန်လာရင်ပြောပေးပါ့မယ်"
"ဟုတ်ပါပြီသမီရေ ပြန်လာရင် အန်တီရဲ့ အိမ်ကို လာခိုင်းလိုက်နော်"
"ဟုတ်ကဲ့ပါ..."
ခန့အကြာတွင်...
"သမီးရေ အမေပြန်ရောက်ပြီနော်"
"ဟုတ်မေမေ စောနက အန်တီဖြူ လာသွားတယ်"
"ဘာကိစ္စတဲ့လဲ"
"ဘာကိစ္စမှ မဟုတ်ပါဘူး ရန်ကုန်က ဧည်သည်လာလို့တဲ့ ဒါကြောင့် အိမ်ကို လာခဲ့ပါဦးတဲ့"
"ဒါဆို သမီးရော လိုက်ခဲ့လေ"
"မဟုတ်တာ မေမေရယ် သူများ အရှေ့မှာ အားနာမစရာကြီး"
"အန်တီဖြူဆိုတာ မသိတဲ့ လူကျနေတာဘဲအေ လိုက်ခဲ့ပါကွယ်"
"ဟုတ်ကဲ့ပါ လိုက်ခဲ့ပါမယ်"
အန်တီဖြူရဲ့ အိမ်တွင်...
"ဟယ် အမရောက်လာပြီလား ထိုင်ပါဦး"
"အေးပါကွယ် ဘာပြောမလို့လဲ"
"ရန်ကုန်က လာတဲ့ မိတ်ဆွေရဲ့ သားလေးက အမနဲ့ သိချင်တာလေးတွေ ဆွေးနွေးခြင်လို့ပါတဲ့"
"ဟုတ်ပါပြီ ဒါနဲ့ သားနာမည်က..."
"အော် ကျွန်တော် နာမည်က ကောင်းသန့်ပါ အန်တီ"
"အန်တီက ဒေါ် ခင်မြင့်ရတီပါ"
"ဟုတ်ကဲ့ပါဗျ"
"ဒါဆို သားက ဘာအကြောင်း သိချင်တာလဲ"
"သားက စီးပွါးရေးအကြောင်းကို သိချင်တာပါ"
ရတီရဲ့ မိသားစုက စီးပွါးရေးကို အဓိလုပ်ကိုင်ကြတယ်။မိဘတွေက စီးပွါးရေးလုပ်တာဆိုတော့ ချမ်းချမ်းသာသာ နေနိုင်ကြတယ်။
ကောင်းသန့်ရဲ့ မိဘတွေကလဲ စီးပွါးရေးကို လုပ်ကိုင်ကြတယ်။ကောင်းသန့်က ကျောင်းမပြီးသေပေမဲ့ မိဘကို ကူညီချင်သောကြောင့် ရန်ကုန်ကနေ မန္တလေးကို လာပြီး အန်တီခင် ဆီမှာ စီးပွါးရေးကိုလေ့လာရန် စီစဉ်နေတာပါ။"ဟုတ်ပါပြီ ဒါဆို အန်တီပြောပြမယ်နော် ပထမဆုံး စီးပွါးရေး လုပ်မယ်ဆိုရင်..."
ရတီရဲ့ စိတ်ထဲတွင် "ဒါက တော်တော် ကြာမှာဘဲ ကြာရင် ပျင်းစရာကြီး"ဟု ပြောနေစဉ် အချိန်အတော်ကြာမြင့်ခဲ့သည်။
"ညနေစောင်းနေပြီ အန်တီ အိမ်ပြန်ရဦးမယ် သားရေ"
"ဟုတ် ဒါဆို မနက်ဖြန်မှ တွေ့ကြပါမယ်"
"မနက်ဖြန် အန်တီမအားလို့ သမီးလေးကို လွှတ်လိုက်မယ်နော်"
"ဟုတ်ရပါတယ်"
#Mandalay
YOU ARE READING
ချစ်ရတဲ့ မန္တလေးသူ
Fanfiction"ကိုကောင်း မန္တလေး အလည်ပြန်လာမှာပါ" "ဒါဆို ရတီကို ကတိပေးရမယ်နော်" "အကိုက ပြန်လာမှာပါ ရတီရယ်" "သေချာပေါက်ပြန်လာခဲ့နော် အကို"