ဒီလိုနဲ့ ရွာလေးမှာ နေလာတာ ၁လမပြည့်ခင် ၁၀ ရက်လောက်အလိုမှာ အဖွားကို ကန်တော့ပြီး ပြန်ကြဖို့စီစဉ်ကြသည်။ အဖွားကျန်းမာရေးကလဲ ကောင်းနေပြီဖြစ်သည်။"အန်တီလေး"
ခေတ်လွှမ်းထင်က အန်တီလေးကို မြတ်သူမောင်ကို မန္တလေးမှာပဲ ကျောင်းဆက်ထားပြီး စာမေးပွဲ ဖြေခိုင်းမည့်အကြောင်းကို ပြောပြသည်။ အန်တီလေးကလဲ လက်ခံတာကြောင့် မြတ်သူမောင်ကို ခေါ်သွားဖို့ ဆုံးဖြတ် ထားသည်။
"မြတ်သူမောင် သေချာပြင်ဆင်ထည့်နော် ဟိုမှာ က တစ်သက်လုံးနေရတာလဲ ဖြစ်
သွားနိုင်တယ်""ဗျာ"
ဟန်မင်းမြတ်က ခေတ်လွှမ်းသူ ၏ အခြေအနေကို သိတာကြောင့် ရှေ့နောက်မလွတ်သည့် စကားကို ပြောလိုက်သည်။ မြတ်သူမောင်လဲ ယူစရာရှိသည့် ပစ္စည်းတွေရယ် အဝတ်
တစ်ချို့ရယ်ကို ထည့်ပြီး အိမ်မှာရှိသည့် အမျိုးအကုန် လိုက်ကန်တော့သည်။ ဒါက
ပထမဆုံး အိမ်ကို ခွဲပြီး ခရီးသွားဖူးခြင်း
ဖြစ်သည်။ ညနေ ၅ နာရီတွင်စထွက်ကြပြီး ကားကိုတော့ ဟန်မင်းမြတ်က မောင်းသည်။ ခေတ်လွှမ််းသူနှင့်မြတ်သူမောင်ကတော့ အနောက်ခန်းတွင်ရှိသည်။ အနောင်ဖုံးထဲ
ပစ္စည်းတွေ ထည့်လို့ရ ပင်မဲ့ အကြံရှိတဲ့
ဟန်မင်းမြတ်က ပစ္စည်းတွေကို သူတို့ဘေးထားထားသည်။ ပစ္စည်းတွေကြောင့်
နှစ်ယောက်သားခန္ဓာကိုယ်လေးက ပူးကပ်နေသည်။ အရိပ်အခြေအနေ ခနခန back မှန်ထဲက လှမ်းလှမ်းကြည့်နေသည့် ဟန်မင်းမြတ်ကို မသိမသာ လက်ခလယ်ထောင်ပြလိုက်သည်။"မြတ် ကားမူးရင်ပြောနော် အိပ်ချင်ရင်လဲ အကို့ပေါ် မှီအိပ်"
"ဟုတ်ကဲ့"
ပြောရင်းဆိုရင်း ပုခုံးပေါ်သို့မှီလာသည့် ခေါင်းလေးကြောင့် ရင်တွေ ခုန်လာခဲ့ရပြန်သည်။ စိတ်တွေကို ချုပ်ထိန်းထားရသည်မှာ အလွန်
ခက်ခဲပင်မဲ့ ဒီကလေးက သူ့ကို ဘယ်လို စိတ်ထားလဲဆိုတာ သူမသိ။ ဦးလေးတစ်
ယောက်လို အကိုတစ်ယောက်လိုသာဆိုရင် ရင်ကွဲရအုံးမည်မဟုတ်ပါလား။ တစ်ဖြည်း
ဖြည်း အမှောင်ထုကြီးကလဲ စိုးမိုးလာပြီး
မိုးချုပ်စပြုလာသည်။ လက်တစ်ဖက်က ကားမောင်းရင်း လက်တစ်ဖက်က ခေတ်လွှမ်းထင် လက်ကလေးကို စုပ်ကိုင်ထားသည်။
အနောက်အခြေအနေကို တစ်ချက်ကြည့်
လိုက်တော့ နှစ်ယောက်လုံး အိပ်ပျော်နေသည်။ ကားကို လမ်းဘေးတွင် ခနရပ်
လိုက်ပြီး
YOU ARE READING
My Emperor
Romance"မင်းကိုချစ်တဲ့အကြောင်းတွေပြောပါဆိုရင် ငါမင်းကိုဘယ်လောက်ထိ မုန်းလဲဆိုတာကနေ စရမယ်ထင်တယ်"