🧝Chapter 55
ထိုအချိန်မှာ မြောင်ဟယ်နှင့်ရန်သာ့လန်တို့က အဒေါ်ကုံး ပြန်ကတည်းက အချိန်ယူပြီးပြင်ဆင်ခဲ့သည့် ပြင်ဆင်စရာအားလုံးနီးပါး ပြီးသွားပြီဖြစ်၏။ ခြံစည်းရိုးတံခါးကို ညွှန်ကြားချက်တွေအတိုင်းဖွင့်ပြီး မကြာခင်မှာပဲ ဖုန်တလုံးလုံးနှင့် ရထားလုံးများက လမ်းဆုံးကို ရောက်လာသည်။
ရန်သာ့လန်က မြောင်ဟယ်ကို အခန်းထဲမှာ စောင့်ခိုင်းပြီး သူ့တို့ကို ရှေ့တက် နှုတ်ဆက်လိုက်သည်။
ရထားလုံးပေါ်ကနေ ဆင်းလာသည့် ဆိုင်ရှင်ကျင်းက ပြုံးကာ ဂုဏ်ပြု ချီးမွမ်းစကားများဆိုသည်။"ရန်ရှုန်းတိနဲ့ ဟယ်ကောအာ... နှစ်ယောက်သားနေကောင်းကြရဲ့လား... ငါဆိုင်ရှင်ကျင်းက အိမ်သစ်ပြီးသွားတာကို ဂုဏ်ပြုဖို့ ဒီကိုရောက်လာတာပါ... အင်း၊ ဒီအိမ်ကိုကြည့်ရတာ လီမင်က တကယ်ကို ယုံကြည်စိတ်ချရတဲ့သူပဲ... အလုပ်မခိုဘူး...သူဆောက်ထားတဲ့ အိမ်အသစ်က တကယ်ကို ခမ်းနားတယ်... လှတယ်...ကောင်းလိုက်တာနောက်ဆုံးတော့ မိတ်ဆက်ပေးတဲ့သူ ငါ့သိက္ခာကို အကြီးကြီးကယ်တင်နိုင်သွားပြီ"
ရန်သာ့လန်က သူနှင့်အပြန်အလှန်နှုတ်ဆက်ပြီးဆိုလိုက်၏။
"ကျေးဇူးတင်ပါတယ် ဆိုင်ရှင်ကျင်း...ဒီတစ်ခေါက်အလုပ်ရှုပ်စေမိလို့ စိတ်မကောင်းပါဘူး""အဓိပ္ပါယ်မရှိ... အသေးအဖွဲကိစ္စလေးကို...အကူအညီပေးတာလို့တောင်ခေါ်လို့မရဘူး... ငါမင်းကိုပြောမယ် လူကြီးမင်းချွီသိသွားတော့ ဒီနေ့ထမင်းလာစားဖို့စီစဉ်နေတယ်... အဆင်မပြေရင် တစ်ခုခုထပ်ဖြစ်တော့မှာပဲ...ဆိုင်ရှင်ဖြစ်ရတာတကယ်ကို ကံမကောင်းဘူး... လာ လာ ငါ မင်းတို့စားပွဲဝိုင်းပြင်ဖို့လိုအပ်တာတွေယူလာခဲ့တယ်...လူနည်းနည်းလည်းခေါ်လာတယ်....လုပ်ချင်တာ လုပ်ကွာ"
ရန်သာ့လန်က ကျေးဇူးတင်စွာဖြင့် လက်သီးဆုပ်ပေါ်လက်ဖဝါးအုပ်ကာ ဦးညွှတ်လိုက်သည်။မြောင်ဟယ်က ဆိုင်ရှင်ကျင်းကို ပြုံးပြီး နှုတ်ဆက်လိုက်၏။
"ဆိုင်ရှင်က ယဉ်ကျေးလွန်းနေပါပြီ...ကျွန်တော်တို့က စားပွဲ၊ ကုလားထိုင်နဲ့ တူတွေပဲ ငှားချင်တာပါ...ဘာလို့ လူတွေပါခေါ်လာရတာလဲဗျာ... လက်ဖက်ရည်ဆိုင်လုပ်ငန်းကို မနှောင့်နှေးစေပါနဲ့ဗျ"