(Unicode)
အလင်းရောင်ကောင်းကောင်းမရှိတဲ့ အခန်းပိတ်တစ်ခု၊ ခြေရောလက်ပါလှုပ်မရအောင်ထိုင်ခုံမှာချည်နှောင်ထားခြင်းခံထားရတဲ့ခန္ဓာကိုယ်
ဒီစိမ်းသက်နေတဲ့နေရာမှာ ကိုယ်ကလွဲပြီးအခြားသူရှိမနေခဲ့ပါ ခေါင်းတစ်ခုလုံးလည်း ချာချာလည်စွာမူးနှောက်နေခဲ့တယ် ကြောက်ရွံ့သောစိတ်များလည်းဖြစ်ပေါ်လာပါတယ် ငါ အခုဘယ်ရောက်နေတာလဲ"ဘယ်သူမှမရှိကြဘူးလား ကယ်ကြပါအုံး ကယ်ကြပါအုံးလို့ မကြားကြဘူးလား ဒီမှာလူတစ်ယောက်လုံးပိတ်မိနေတာကို"
ထိုအချိန် ဖွင့်ဟလာသော တံခါးတစ်စုံနောက် ဝင်ရောက်လာသောသူမှာ လုံးဝမထင်ထားသောသူတစ်ဦးဖြစ်နေပါသည်
"ဘာတွေဒီလောက် အော်နေတာလဲ"
"Daou ခင်ဗျား ခင်ဗျား ကျွန်တော့်ကို ဘာလို့ဖမ်းထားရတာလဲ လွှတ်ပေး အခုလွှတ်ပေး"
"လွှတ်ပေးချင်ရင် အစကတည်းက ဘာလို့ အလုပ်ရှုပ်ခံ ခေါ်လာမှာလဲ"
"လွှတ်ပေးပါဗျာ ကျွန်တော်ခင်ဗျားအပေါ်ဘာအမှားများလုပ်ထားမိလို့လဲ"
"အမှားလား ရှိတာပေါ့ သိပ်လှနေတာလေ အဲ့တာမင်းလေးရဲ့အမှားပဲ"
"ပေါက်ကရစကားတွေပြောမနေဘဲ ကျွန်တော့်ကိုသွားခွင့်ပေးပါ"
"ကိုယ်ပြောပြီးပြီလေ လွှတ်ပေးချင်ရင် အစကတည်းကအလုပ်ရှုပ်ခံခေါ်မလာဘူးလို့"
"တောင်းပန်ပါတယ်လွှတ်ပေးပါဗျာ"
"မင်းကပြောရသိပ်ခက်တာပဲကွာ"
ကျွန်တော့်ပါးပေါ်ကျရောက်သော ထိုသူ၏အနမ်းတစ်ပွင့်
"ခင်ဗျား ဘာလုပ်တာလဲ"
"နမ်းတာလေ ဒါလေးတောင်မသိဘူးလား ကိုယ်သင်ပေးမယ် လာ"
ဒီတစ်ခါကျရောက်လာသောအနမ်းသည်နှုတ်ခမ်းတစ်စုံပေါ်တွင်ဖြစ်နေသည် ရုန်းထွက်လို့မရခဲ့ပါ သူ့၏လက်သည် ကျွန်တော့်ပါးနှစ်ဖက်ကို တင်းကြပ်စွာ ကိုင်ထားသောကြောင့်ဖြစ်သည်
"ချိုတယ်"
"လူယုတ်မာ"
"နမ်းရုံလေးနဲ့ ကိုယ်ကလူယုတ်မာဖြစ်ရောလား offroad"
YOU ARE READING
ကိုယ့်အပိုင် (ongoing)
RomanceDaouOffroad × Myanmar Bl DaouOffroad နှစ်ဦး၏နာမည်မှလွဲ၍ အခြားဇာတ်ကောင်နာမည်များသည် စိတ်ကူးယဉ်ထားခြင်းသာဖြစ်သည် ဤဝတ္ထုတွင် တစ်စုံတစ်ရာ အမှားအယွင်းပါရှိခဲ့လျှင် စာရေးသူ၏အမှားသာဖြစ်သည်