Part 16 ( Zawgyi )

540 19 10
                                    

Double up ဖြစ်ပါတယ်၊အပိုင်း၁၅ကိုမဖတ်ရသေးရင်အရင်ဖတ်ပေးကြပါ။

*********************

4 years later.......

အချိန်ကာလအားဖြင့်4နှစ်ကြာပြီးနောက်တွင်တော့မြို့တော်ဟာပိုမိုပြောင်းလဲတိုးတတ်လာခဲ့ပြီဖြစ်၏။
နွေဦးရောက်ချိန်ကာလမို့ လမ်းတစ်လျှောက်သစ်ရွက်နုလေးများထွက်စပြုကာ ရွက်ဟောင်းများကြွေနေလေ၏။

အတော်အသင့်နေထိုင်နိုင်သောပတ်ဝန်းကျင်တစ်ခု၌

"ဝန်းရံ မာမီမင်းကိုစိတ်ဆိုးမိတော့မယ်"

အိမ်နေရင်းပေါ့ပေါ့ပါးပါးကိုဝတ်ဆင်ထားသောဝန်းရံသည် ၄နှစ်ကြာပြီးနောက်မှာတော့ပိုမိုကြည့်ကောင်းကာ၊ပိုလို့လည်းချောလာသည်။

"မာမီကလည်း.."

"မာမီကလည်းလုပ်မနေနဲ့ ဒီ၄နှစ်အတွင်းဘယ်အရာကိုဖြစ်ဖြစ်မြောက်မြောက်လုပ်ပြီးပြီလဲ၊အဆိုတော်လုပ်ချင်သလိုလို ဘာလိုလိုနဲ့၊ဟိုယောင်ယောင်ဒီယောင်ယောင်နေနေတာ ၄နှစ်ရှိနေပြီနော် ဝန်းရံသာ"

"ကျွန်တော်လည်းဘာလုပ်ရမလဲမသိသေးတာ မာမီ"

ထိုအခါဒေါ်လဝန်းသာဟာသက်ပြင်းကိုခပ်ဖွဖွချသည်။ရိုးရိုးယဥ်ယဥ်ဝတ်စုံကိုဝတ်ထားသောဒေါ်လဝန်းဟာပါးတွင်သနပ်ခါးကိုပါလိမ်းခြယ်ထားသည်။

"သား အဲ့ကောင်လေးကိုမမေ့နိုင်ရင်ပြန်သွားပါလား"

သူမအနေဖြင့်သားဖြစ်သူကိုကြည့်ကာပြောလိုက်ခြင်း၊ပျက်ယွင်းသွားသောသားမျက်နှာကိုကြည့်ရင်းစိတ်မကောင်းဖြစ်ရပြန်သည်။

မိမိသည်ဒုတိယစံအိမ်တော်လောက်မချမ်းသာပါသော်လည်း သားကိုတစ်သက်စားမကုန်အောင်ကျွေးမွေးနိုင်ပါသေးသည်။သို့ပေမယ့်သားဖြစ်သူဟာဒုတိယစံအိမ်တော်မှသခင်လေးစီမှသာအလုပ်လုပ်ချင်သည်ဆိုတာကြောင့် သူမအနေဖြင့်ခွင့်ပြုမိခဲ့ခြင်း။

သို့ရာတွင်လွန်ခဲ့တဲ့၄နှစ်ကအိမ်ကိုပြန်ရောက်လာခဲ့သောသားဖြစ်သူ၏ပုံစံကို သူမအနေဖြင့်မေ့နိုင်မည်မထင်။မျှော်လင့်ချက်ပျောက်ဆုံးနေပုံရသောသားဖြစ်သူမျက်နှာဟာ သူမရင်ကိုနာကျင်စေပါသည်။အကြောင်းစုံသိရချိန်တွင်သားဟာ ကောင်လေးတစ်ယောက်ကိုချစ်မိနေပြီတဲ့။

Mistakes that HurtWhere stories live. Discover now