Synopsis

615 41 6
                                    

Unicode

အရာရာတိုင်းကို ထိုးဖောက်မြင်နိုင်စွမ်းရှိပြီး အချစ်ကြီးတဲ့ တည်ငြိမ်ပြီး အာဏာရှိတဲ့ အထက်ပုဂ္ဂိုလ် x ကုသရေးမှာ တစ်ဖက်ကမ်းခတ်တော်တဲ့ ပညာရှင်ဖြစ်ပြီး ချစ်စရာလည်းကောင်း ကြင်နာယုယတတ်တတ်တဲ့ ရင်သပ်ရှုမောဖွယ်ကောင်းလောက်အောင် ချောမောတဲ့ အောက်ပုဂ္ဂိုလ်

လျှိုရှီရွာလေးမှ ရုပ်ဆိုးဆိုးပန်းပဲဆရာက နူးညံပြီး ထိခိုက်လွယ်တဲ့ အမျိုးသားတစ်ယောက်နဲ့ လက်ထပ်လိုက်တယ်လေ

မင်္ဂလာဦးပြီး နောက်တစ်နေ့မနက်မှာတော့ ချင်းရန်တစ်ယောက် တစ်ကိုယ်လုံးနာကျင်နေကာ အားနည်းနေလျက်ဖြင့် သူ၏ယောကျ်ားကို တင်းတင်းကြပ်ကြပ်ဖက်တွယ်ထားလေသည်။ သူ့ရဲ့ လက်ချောင်းသေးသွယ်သွယ်လေးများနှင့် တစ်ဖက်လူ၏ အမာရွတ်နှင့်မျက်နှာကို နူးနူးညံ့ညံ့လေး ထိတွေ့လိုက်လေသည်။

ချိုးဟဲနျန် တစ်ကိုယ်လုံးတောင့်တင်းသွားပြီး ခေါင်းကိုတစ်ဖက်လှည့်ကာ ထိတွေ့ခြင်းခံရမှုမှ ရှောင်ပြေးလိုက်သည်။

"မင်း မျက်နှာအရင် သွားသစ်သင့်တယ်."

ချင်းရန်က ဖွဖွလေး သူ့ပေါ်မှီလာတာကြောင့် သူ့ဆီမှ သစ်ခွပန်းနံ့မွှေးမွှေးလေးရလိုက်သည်။
"ငါ့ယောကျ်ား သစ်ပေးတာ ခံချင်တာ"

ငါ့ဇနီးလေးက စိတ်သဘောထားပြည့်ဝပြီး ချစ်စရာလည်းကောင်း ကြင်နာလည်းကြင်နာတတ်တာမို့ ချိုးဟဲနျန် ခင်မျာ သူ၏အိမ်သူလေး အနိုင်ကျင်ခံရမှာကို အပူကြီးပူနေမိသည်မှာ သူ့(ချိုး)*ခါးပတ်မှာပင် သူ့(ချင်း)ကို ချိတ်ကာ ခေါ်သွားချင်မိသည်။

( * - အိတ်ကပ်ထဲထည့်သွားချင်တာနှင့် ဆင်တူပါတယ်)

တစ်နေ့မတိုင်ခင်ထိပေါ့, သူ့ဇနီးလေးကို စိတ်မချ၍ ပြန်သွားတွေ့ဖို့ရာ ဆိုင်စောစောသိမ်းလိုက်ပြီး အိမ်ကို ပြန်လာခဲ့လိုက်သည်။

သူစိမ်းတွေရှေ့ဆိုရင် စကားတောင်ကျယ်ကျယ်မပြောရဲဘဲ တုန်လှုပ်နေတတ်တဲ့ သနားစရာကောင်းတဲ့ ဇနီးငယ်လေးရဲ့ ခြံစည်းရိုးကိုကျော်ပြီးတောင် အိမ်နီးချင်းတွေနဲ့ ရန်ဖြစ်နေသည့် အသံကို ချိုးဟဲနျန် ကြားလိုက်ရသည်။

ရုပ်ဆိုးသည့်ယောကျ်ားအား လက်ထပ်ပြီးနောက် [Myanmar Translation]Where stories live. Discover now