ရင်ခွင်ထဲအိပ်ပျော်နေသူကိုဘေးသို့ချပေးလိုက်ရင်းချွတ်ထားသောအင်္ကျီကိုယူကာဝတ်ပေးလိုက်သည်။အိပ်ပျော်နေချိန်မှာတော့ပကတိအတိုင်းကြည်လင်နေတဲ့မျက်နှာလေးဟာချောမောမှုတော့မလျော့သွား။
ကိုယ်တိုင်လည်းအဝတ်ကိုယူဝတ်လိုက်ကာထထွက်ဖို့အလုပ်
"မသွားပါနဲ့"
အိပ်နေသောသူဟာယောင်နေသည်လားမသိပေမယ့် သိဒ္ဓိကတော့ပြန်လှည့်ကြည့်လာသည်။
"မသွားပါနဲ့၊ထပ်ထွက်မသွားပါနဲ့"
သက်ပြင်းခပ်ဖွဖွချရင်းအိပ်နေသောသူဘေးသို့ပြန်ဝင်လှဲလိုက်ကာ အသာလေးပွေ့ဖက်ထားမိသည်။
အခန်းထဲတွင်လည်းကြာပန်းရနံ့နှင့်ထင်းရှူးရနံ့များဟာသင်းပျံ့လျက်။မနက်ခင်းအချိန်အခါသို့ရောက်ချိန်မှာတော့
ဟန်သာတစ်ယောက်နာကျင်နေသောခန္ဓာကိုယ်ကြောင့်နိုးလာရသည်။တစ်စုံတစ်ခုဟာသူ့ကိုရစ်ပတ်ထားသလိုခံစားရတာကြောင့် စူးစမ်းကြည့်မိတော့ တွေ့လိုက်ရသည့်မျက်နှာလေးကြောင့်မနေ့ကအကြောင်းအရာများကိုစဉ်းစားမိသည်။
သူမနေ့က Alpha pheromones ကြောင့် Heatဝင်သွားခဲ့တာပဲ။ယခုမှမျက်လုံးထဲတွင်မနေ့ကအကြောင်းအရာများကိုပြန်မြင်ယောင်မိတော့သည်။နမ်းခဲ့သောပုံရိပ်များ၊အမှတ်အသားပေးဖို့တောင်းဆိုမိသည့်ပုံရိပ်များ.....၊မျက်လုံးအစုံကိုမှိတ်ချလိုက်ရင်း ရင်ခွင်ထဲမှထွက်ဖို့ပြင်လိုက်ရသည်။ဘယ်လိုစိတ်နဲ့များနမ်းဖို့လုပ်ခဲ့ရတာပါလိမ့်။
"နိုးပြီလား"
ကြားလာရသောခပ်ဩဩအသံကြောင့်လန့်သွားသော်လည်းအလျင်အမြန်ထရပြန်သည်။
"မနေ့က..."
"ဘာမှမဖြစ်ခဲ့ပါဘူး"
ဒါတော့သူလည်းသိပါသည်။သို့ပေမယ့်လည်းဘာကိုပြောလို့ပြောရမလဲမသိ။
"ဒါဆို ကျွန်တော်ပြန်လိုက်ပါဦးမယ်"
အခန်းထဲမှထွက်သွားသည့်ချစ်ရသူနောက်ကိုလိုက်ရပြန်သည်။မနေ့ကအကြောင်းကိုဘာမှမဖြစ်သလိုနေဖို့ကြမလုပ်နိုင်။
YOU ARE READING
Mistakes that Hurt
RomansaMain character Name - Theikdi Linn Naung Date of birth - December 12 Height - 190.50 cm Weight - 75kg Hobby - Being silent Employment - Cardiologist / P...