ပထမဆုံးအနေ နဲ့ review ပေးချင်တဲ့ series ကတော့ not me ဆိုတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ် ။ သူ့ကိုဘာကြောင့်ပထမ ဆုံး review ပေးချင်ရတာလည်းဆိုရင် တော့ ဟုတ်ပါတယ် (ကြိုက်လို့ပါ)😁
ဘာကြောင့်ကြိုက်ရတာလည်းဆိုတော့ သူရဲ့ series ရဲ့ ဇာတ်ကြောင်းသွားလာပုံ များက တော်တော် လေး strong ဖြစ်တယ်လို့ပြောလို့ရတယ် ။ ဇာတ်လမ်းကော မင်းသားတွေကော အဓိကအားဖြင့် ကြိုက်တာကြောင့်လည်းပါ ပါတယ် ။ နောက်ပြီး ကိုယ်က နိုင်ငံရေးဘက်နည်းနည်းသွားတဲ့ ဇာတ်ကြောင်းတွေဆို ပိုကြိုက်တဲ့ အတွက် ပထမဆုံး review အနေနဲ့ ဒီဇာတ်လမ်းလေးကို review ပေးချင်းဖြစ်ပါတယ် ။
ဒါရိုက်တာ Anucha Boonyawatanaရဲ့လက်ရာဖြစ်တဲ့ NOT ME ဆိုတဲ့ ဇာတ်ကားမှာ အမွှာနစ်ယောက်ဖြစ်ကြတဲ့ black နဲ့ white ပေါ့ သူတို့ရဲ့ မိဘတွေ က broken family ဖြစ်ကြတဲ့ အပြင် black ရဲ့ ဆေးရုံတင်လိုက်မှုက နေစပြီး အမွှာ ညီဖြစ်တဲ့ white က လိုက်စုံစမ်းတာကနေ စတဲ့ ဇာတ်လမ်းလေးပါ ။ ဇာတ်လမ်းထဲမှာဆိုရင်ဖြင့် မိဘစကားနားထောင်ပြီး ပြန်မပြော ဟုတ်ကဲ့ ဟုတ်ကဲ့ သာ ပြောတတ်တဲ့ကောင်လေး ဟာဆိုရင်ဖြင့် black ရဲ့ ဆေးရုံတတ်မှုကို စုံစမ်းရာကနေ မထင်မှတ်ထားစရာ ကိစ္စများသိရှိပြီး မကျေနပ်မှုများအား လိုက်လံလုပ်ဆောင်ပြီး တစွတ်ထိုးလုပ်တတ်သောကော ကောင်လေးများနဲ့ ဘယ်လိုတွေ တွေ့ဆုံကြမလည်း သူတို့ ရဲ့ စကားတွေ တစ်ယောက်ချင်းစီရဲ့ နာကျည်းမှုတွေကို နားလည်ပြီး နောက်ဆုံးမှာ ဖခင်၏ စကားအားဘယ်လိုလွန်လွန်ဆန်မှုတွေလုပ်မလည်း အဖွဲ့ထဲမှ ကောင်လေးအားကြိုက်နှစ်သက်သွားသော်လည်း အကိုဖြစ်သူ black မှ အရာအားလုံးကို သူ့ညီအား ဝင်မပါစေချင်သော ကြောင့် ပြောဆိုသော်လည်း ခိုး၍ အဖွဲ့ထဲတွင် ဆက်လက်လုပ်ဆောင်မှုများ သူချစ်သော ကောင်လေးမှလည်း white မဟုတ်ကြောင်းဘယ်လိုသိသွားမလည်း အဖွဲ့ကလူတွေကောဘယ်လိုတွေဖြစ်သွားကြမလည်း သူတို့ရဲ့ နာကျည်းချက်တွေကော ဖြေဖျောက်နိုင်မလား ဆိုတာ ဒီဇာတ်ကားထဲမှာ စိတ်ဝင်တစားစီးမျောလိုက်ပါ ကြည့်ရှုရမှာဖြစ်ပါတယ် ။ ဥပဒေ အသုံးအနှုန်း ၊ နိုင်ငံရေးအသုံးအနှုန်းများစွာပါတဲ့ အပြင် အမွှာ နှစ်ယောက်ရဲ့ ဇာတ်ကြောင်းအပြင် အကိုဖြစ်သူကို လုပ်ကြံလိုက်တဲ့ သူက ရော ဘယ်သူဖြစ်မလည်းဆိုတာ လိုက်လံရှာဖွေရင်း စိတ်လှုပ်ရှားစွာ ကြည့်ရမဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ် ။( ပထမဆုံးရေးသားခြင်းဖြစ်တဲ့အတွက် အမှားများပါခဲ့သည်ရှိသော် အနူးအညွတ်တောင်းပန်ပါသည်ရှင့် ။ bl ဇာတ်ကားများအား ဝါသနာအရသာ review ပေးနေခြင်း ဖြစ်ပါသည် ။ ဖတ်ရှုပေးသည့်အတွက် ကျေးဇူးတင်ပါသည်ရှင့် ။ )🙆🙇🙆
YOU ARE READING
ကိုယ့်ဘာသာရေး ကိုယ့်ဘာသာကြိုက်သော BL series review များ
Actionမပေးတတ်ပေးတတ် ကြိုက်နှစ်သက်သောဇာတ်ကားများ ၏review