Unicode
"သည်းညှာ..ကိုကိုသင်ပေးတာတွေ မှတ်မိတယ်မလား၊ အမြဲအဲ့လိုပဲ လုပ်ရမယ်နော်၊ ဒါမှသည်းညှာလေးက ကိုကိုတို့မရှိလည်း ကိုယ့်ကိုကိုယ်ကာကွယ်နိုင်မှာ"
မိုးလင်းထဲက ဘုန်းလရောင်က သည်းညှာနားကပ်သည်။ မနက်စာစားတာကစလို့ ရေချိုးဖို့ပြင်ပေးရတာနဲ့ အဝတ်အစားထုတ်ပေးရတာနဲ့ သူတစ်ယောက်ထဲရှုပ်လို့နေ၏။
အလုပ်သွားဖို့ပြင်ဆင်ပြီးနောက် အိမ်ရှေ့ဧည့်ခန်းက သစ်သားတိုင်လုံးကြီးမှာ ချိတ်ထားတဲ့မှန်အသေးလေးရှေ့ ကျွန်တော်မတ်တပ်ရပ်ရင်း ထိုအသံများကို မမှိတ်မသုန်နားစွင့်မိသည်။ ဘုန်းလရောင်က သည်းညှာကို ဘာတွေသင်ပေးနေသလဲ ကျွန်တော်မသိပေမဲ့ မကောင်းတာတော့ မဖြစ်နိုင်ပါပေ။
လွန်ခဲ့တဲ့နှစ်ရက်က ဘုန်းလရောင် အထုတ်တစ်ထုတ်ဆွဲပြီး ကျွန်တော့်အိမ်ပေါ်တက်လာခဲ့၏။ အကြောင်းပြချက်မှာ အိမ်ထောင်ရှိရက်နှင့် ဖောက်ပြန်နေသော သူ့အမေကြောင့်ဖြစ်နေ၍ ကျွန်တော်နှိုက်နှိုက်ချွတ်ချွတ်မမေးမိ။ ပြိုကွဲနေတဲ့ မိသားစုအတွင်းရေးကြောင့်ပဲ ကလေးတော်တော်များများ စိတ်ဒဏ်ရာရကြသည်။ လူတစ်ယောက်က တခြားလူတစ်ယောက်ကို ချစ်ပေး၊တန်ဖိုးထားပေးတတ်လာဖို့ ထိုလူရဲ့မိဘတွေအပေါ်မှာ အများကြီးမူတည်သည်။
များသောအားဖြင့် အချစ်မခံရတဲ့ကလေးက တစ်ကိုယ်ကောင်း ဆန်တတ်လိမ့်မည်။ သူ့အချစ်တွေကို မမျှဝေတတ်၊ ကိုယ်ချင်းမစာတတ်ဖြစ်လိမ့်မည်။ သို့သော် ဘုန်းလရောင်ကတော့ တမူထူးသည့်ကလေးမျိုးပင်။
သူမရရှိခဲ့သော ချစ်ခြင်းမေတ္တာများနှင့် ဂရုစိုက်မှုများကို ပတ်ဝန်းကျင်ကလူတွေထံ အမြဲဖြန့်ဝေပေးတတ်သည်။ ထိုမေတ္တာများကို အများဆုံးခံယူရသူကတော့ မိုးသည်းညှာသာ ဖြစ်ပေ၏။ သည်းညှာကိုသိပ်ဂရုစိုက်ပြီး ရွှေဥကလေးလို မထိရက်မကိုင်ရက် တန်ဖိုးထားတတ်ပြီး ငုံထားမတတ် ချစ်ပြတတ်သည်။ ဥယျာဉ်ထဲမှာ အလှဆုံးပွင့်နေတဲ့ ပန်းကလေးကို အဝေးကနေထိုင်ကြည့်နေတတ်တဲ့ လူလိုမျိုး။ ထိုပန်းကလေးကို ဥယျာဉ်မှူးဆီကနေ တောင်းခံရန်မဝံ့မရဲဖြစ်နေသည့်လူလိုမျိုး။
YOU ARE READING
ရင္ထဲကအသည္းညႇာ / ရင်ထဲကအသည်းညှာ
Romanceအသည်းဖျားမှ ချစ်စကားများ နူးည့ံထိရှစွာ နှလုံးအိမ်သို့ တိုးတိုက်စေအံ့။ အသည်းဖျားမှ ချစ်စကားများ နူးညံ့ထိရှစွာ နှလုံးအိမ်သို့ တိုးတိုက်စေအံ့။