intro

21 0 0
                                    

စာဖတ်သူများအားလုံးမင်္ဂလာပါဗျ။
mai ရဲ့ပထမဆုံးသောဖန်တီးမှုလေးကနေအားလုံးကိုကြိုဆိုပါတယ်။maiအနေနဲ့ဒီဇာတ်လမ်းလေးကကိုဖန်တီးဖို့အတွက်အကောင်းဆုံးကြိုးစားထားတာမို့ စာဖတ်သူတို့အကြိုက်တွေ့ဖို့မျှော်လင့်ပါတယ်ဗျ။

ဇာတ်လမ်းလေးကတော့ရိုးရှင်းပါတယ် သစ်ရွက်လှုပ်တိုင်းရင်ခုန်တတ်တဲ့ ဆယ်ကျော်သက်အရွယ်မှာချစ်မိခဲ့ကြတဲ့ကျောင်းသားလေး‌ေတွအကြောင်းပေါ့ဗျာ။
ဇာတ်အိမ် timeline ကို 2023လို့ထားလိုက်ရအောင် ရန်ကုန်မြို့မှာပေါ့ဗျာ ဒါပေမဲ့ မြန်မာနိုင်ငံကြီးကအေးအေးချမ်းချမ်းရှိနေတဲ့ universes တခုမှာပေါ့ ကျွန်တော်တို့အဲ့လိုဘဲမှတ်လိုက်ကြရအောင်။

ရန်ကုန်မြို့စွန်မှာရှိနေတဲ့ နာမည်ကြီးတဲ့ကိုယ်ပိုင်ကျောင်းတစ်ကျောင်းပေါ့ ဘော်ဒါနဲ့နေ့တက်ဆိုပြီးနှစ်မျိုးရှိမယ်။
2023-2024 ပညာသစ်နှစ်မှာ "ဝေယံမင်းထင်" ဆိုတဲ့ကောင်လေးတစ်ယောက်ရောက်လာခဲ့တယ်။ သူကရန်ကုန်ဇာတိတော့မဟုတ်ဘူးဗျ မြစ်ကြီးနားကနေ ဒီကျောင်းမှာ ဘော်ဒါလာတက်တာ အဲ! အဲ့လိုဆိုမင်းတို့မေးမှာပေါ့ မြစ်ကြီးနားမှာကျောင်းကောင်းကောင်းတွေရှိရဲ့သားနဲ့ ရန်ကုန်ထိဘာလို့လာတက်တာလဲပေါ့ အကြောင်းကတော့ဒီလိုဗျ ‌သူ့မိဘတွေက ဒီတစ်နှစ်သူတို့နဲ့အဝေးမှာဘော်ဒါနေပြီး အမှတ်ကောင်းကောင်းရခဲ့မယ်ဆိုရင် နောက်နှစ်ကို သူအရမ်းသွားချင်နေတဲ့နိုင်ငံမှာကျောင်းတက်လို့ရအောင်လုပ်ပေးမယ် ဆိုလို့တဲ့ဗျ။

အဲ့တော့ ဝေယံမင်းထင်တစ်ယောက် ဘော်ဒါကျောင်းမှာ ဘယ်လိုတွေကြုံတွေ့ရမလဲ ဆိုတာ တစ်ပိုင်းပြီးတစ်ပိုင်း diary ဖတ်နေသလိုဖတ်ရတော့မှာပေါ့ဗျာ။

စိတ်ဝင်စားရင် vote လေးနှိပ်ပြီး RL ထဲထည့်ခဲ့ပေးပါဦးနော်။
Chapter -1 နဲ့အတူမကြာခင်ပြန်လာခဲ့ပါမယ် ကောင်းသောနေ့လေးဖြစ်ပါစေဗျ။

(Teenage fic မို့ ပါးနမ်း လက်ကိုင် ပုခုံးဖက် လောက်ဘဲပါမှာပါ ><)

BE MY CLOVER Where stories live. Discover now