Part 19 ( Zawgyi )

390 17 8
                                    

နှုတ်ခမ်းတွေကိုအလွတ်မပေးနမ်းနေကြသူဟာပတ်ဝန်းကျင်ကိုမေ့နေကြသည့်အလား။မတိမ်းမယိမ်းအရပ်ကြောင့် နမ်းရသည်မှာအဆင်ပြေလှသည်။

နမ်းနေရာမှရပ်ကာတစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ရင်း

"မင်းကိုဒီနေ့ကစပြီး လိုက်တော့မှာ"

ပြုံးယောင်သန်းသွားသောနှုတ်ခမ်းပါးတွေကိုကြည့်ရင်း ဟန်သာတစ်ယောက်အနေရခက်သွားရသည်။

"သဘော"

ထိုသို့ဖြင့်နှစ်ဦးကြားပြန်တိတ်ဆိတ်သွားရလေသည်။အခြေအနေဟာကို့ယို့ကားယားနိုင်ပေမယ့်လည်း နှစ်ဦးသားဟာအကြည့်မလွှဲနိုင်သေး။

"ကျွန်တော် နားတော့မှာမို့"

အလိမ်ပါနှင့်မောင်းထုတ်လာသူကြောင့်ခေါင်းတစ်ချက်ညိမ့်ပြရင်း ထွက်လာခဲ့သည်။

အခန်းပြင်ရောက်သည့်တိုင်ပြော‌လိုက်မိတဲ့စကားတွေအတွက်မယုံနိုင်သေး။ဘယ်လိုစိတ်နဲ့များ သူ့ဘက်ကလိုက်မယ်လို့ပြောထွက်မိရတာလဲ။နောက်ပြီးချစ်ရသူကရော သဘောဆိုပြီးဘာလို့ပြန်ဖြေတာလဲ။

ရူးချင်လိုက်တာ....ရှုပ်ထွေးနေတဲ့အခြေအနေကြားထဲမှာသူကပါအချစ်ကိုရယူဖို့လုပ်မိတော့မယ်။တကယ်ပါပဲ ဘယ်လိုမှသူ့ကိုလက်မလျှော့နိုင်ဘူးဖြစ်နေတယ်။

စိတ်ကိုငြိမ်အောင်ထိန်းလိုက်ရင်း ရှုပ်ထွေးနေသောအခြေအနေများကိုမေ့ထားပြီးတစ်ခါလောက်ရင်ဆိုင်ကြည့်ဖို့ဆုံးဖြတ်လိုက်သည်။ဒီလိုအခွင့်အရေးဆိုတာထပ်ရချင်မှရမည်။ဒါကြောင့်ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ်ချစ်ရသူဘေးနားကပ်နေဖို့ကသာသူ့အတွက်အရေးကြီးသည်။

အခန်းထဲရှိသိဒ္ဓိသည်လည်းတင်ထားသောဂျူတီကုတ်ကိုယူရင်းအခန်းထဲသို့ဝင်သွားလေသည်။

အနမ်းများဟာ ဘာအတွက်‌ကြောင့်၊ဘာအ‌ေကြာင်းကြောင့်၊ဆိုပြီးခေါင်းစဉ်တပ်မရသည့်အနမ်းများသက်သက်သာ။

ရေချိုးပြီးပြန်ထွက်လာပုံရသည့်သိဒ္ဓိဟာ ဆံပင်တွေရေစက်ကလေးများတွဲလဲခိုနေသည်။အပြုံးအရယ်မရှိတဲ့မျက်နှာလေးဟာ ပါးချိုင့်လေးနှစ်ဖက်ကြောင့်အေးချမ်းလို့နေသည်။ထိုစဉ်ဖုန်းမည်သံကြောင့်

Mistakes that HurtWhere stories live. Discover now