" မဂ်လာပါ သမ္မတကြီး နေကောင်းပါရဲ့လား ခင်ဗျ "
" အေးကောင်းတယ်ကွဲ့ လာလာ ထိုင် CEO Kim "
" ဟုတ်ကဲ့ သမ္မတကြီး "
CEO Kim တယောက် သမ္မတကြီးနားလာရင်းနှုတ်ဆက်ကာ ထိုင်မလို့အလုပ် သူ့ရဲ့မျက်နှာခြင်းဆိုင်မှာထိုင်နေတဲ့သူကိုခုမှမြင်ကာ အံ့သြသွားတော့သည်..
" ကောင်လေး "
"ဟေ ငါမြေးတို့နှစ်ယောက်က သိနေကြတာလား "
" တွေ့ဘူးရုံလောက်ပါ သမ္မတကြီး "
" အဘိုး"
" ငါ့မြေးဒါမင်းနဲ့လက်ထပ်ပေးမယ့်သူပဲ ငါ့မြေး လက်ခံပြီးသားနော် ငြင်းလို့မရဘူး."
Jeon တယောက် အဘိုးဖြစ်သူပေးစားတဲ့သူနဲ့ လက်ထပ်ရင် ဘာအလုပ်မှမလုပ်ပဲနေရမယ် လုပ်ချင်တဲ့ သီချင်းရေးဆရာတယောက်လုပ်ရမယ် အေးဆေးနေခွင့်ပေးမယ်ဆိုတဲ့ အပေးအယူလုပ်ပြီးမှသာ လက်ထပ်ဖို့လက်ခံခဲ့တာကြောင့် သူငြင်းမရတော့..သို့သော်အတွေးထဲဝင်လာတာက..
Jeon pov:ကောင်းသားပဲ ဒီလိုလဲ ခင်များကလည်းယောကျား ကျွန်တော် ကလည်းယောကျားဆိုတော့ သိပ်စိတ်ရှုပ်စရာမရှိတော့ဘူးပေါ့ မိန်းမတွေဆို သူတို့ကို အချိန်မပေးလို့ဘာလို့နဲ့ ရစ်အုံးမှာ
" သိပါတယ် အဖိုးရယ် "
" ကဲ လာကြ ညစာ စားကြမယ် "
မျက်နှာခြင်းဆိုင်ထိုင်နေကြပေမယ့် သမ္မတကြီးနဲ့ CEO Kim နှစ်ယောက်သားသာအလုပ်အကြောင်းတွေပြောနေကြပြီး သူကတော့လူပိုတယောက်လိုခံစားနေရတဲ့ Jeon..
သို့သော် သူရဲ့ရှေ့က အလွန်တရာမှပြီးပြည့်စုံပြီး
ကြည့်ကောင်းနေတဲ့ လူတယောက်က သူ့လို ယောကျားလေးတယောက်ကိုလက်ထပ်ဖို့ဘာလို့လက်ခံလိုက်ရတာလည်း ဒီလူမှာဘာတွေများ ချို့ယွင်းချက်ရှိနေလို့လည်းဆိုတာပိုစိတ်ဝင်စားနေသည်..လူကြီးနှစ်ယောက်စကားပြောနေတဲ့ကြားထဲ ဝင်ပြောလိုက်တဲ့ Jeon.." ခင်များအသက်ဘယ်လောက်ရှိပြီလဲ "
" ဟင် အင်းးး ကိုယ့်အသက် 30 ထဲမှာပါ "
" ကျွန်တော် နဲ့ ကွာတာပဲ "
" ညနေ ကျွန်တော် ခင်များကိုအိမ်လိုက်ပို့ပေးမယ် ခင်များကားပြန်လွှတ်လိုက်တော့ "
YOU ARE READING
AFTER
Фанфик🚨 Warning Fic 🚨 အသစ်မဟုတ်ပါ အရင် un လိုက်တာလေး ပြန်တင်ပေးတာပါ ဇာတ်လမ်းအပြောင်းအလဲက ကြားထဲမှာ အနည်းငယ်လောက်တော့ ရှိပါမည် ။