Part-9

3.6K 152 27
                                        

ပထမဆုံးအနမ်းခံရသည့် ခြေဖမိုးလေးတွေက ဒီလူကြီးကို ခစားနေသလား။ ထုံကျဥ်လာသည့် မေးရိုးတွေဆီက သူ့ရဲ့လက်ချောင်းတွေ အခုထိပြေလျှော့မကျသေး။

"မင်းလိုကောင်မျိုး အရသာဘယ်လိုရှိလဲဆိုတာ သိချင်လိုက်တာ"

တည်ကြည်ခန့်ညားသည့် သူ့မျက်နှာထက်တွင် နားမလည်နိုင်သည့် အပြုံးတစ်ခုက လှောင်ရယ်ပြနေသလို။ ဒီလိုပြုမူခံရတာတွေ မကြိုက်ဘူး။ သို့သော်လည်း အကြည့်စူးစူးတွေအောက်မှာ ပြားပြားဝပ်သွားရ၏။

"မင်းကလေ...ကြည့်လေ ကြည့်လေ ညို့ဓာတ်ပြင်းလေပဲသိလား"

နောက်ထပ်အပြုံးတစ်ခု ဖန်တီးပြန်သည်။ ဒီတစ်ခါကျ လှောင်ပြုံးမဟုတ် အပြုံးတွေသိပ်နားမလည် ထိုအပြုံးက ထူးခြားသည်။ စီးပွားရေးအပြုံးများလား။

"စမ်းကြည့်ချင်သား"

နီးကပ်လာသည့်မျက်နှာထက်တွင် အခုတော့ ဘာအပြုံးမှတွယ်ကပ်မနေ။ မျက်ဝန်းတွေကတော့ စူးရှပြီးသူ့ကိုညို့ယူနေ၏။ တိုးကပ်လာသည့် နှာဖျားနှင့်အတူ သူ့မျက်နှာအစိတ်အပိုင်းများကို လာရိုက်ခတ်သည့် အသက်ရှူနှုန်းတွေ။

မေးရိုးထက်က လက်ချောင်းတွေဖြေလျှော့ကျသွားပြီး သူ့ရဲ့လည်ပင်းအနောက်သို့ ရွှေ့လျားသွားသည်။ တဒင်္ဂအတွင်း နူတ်ခမ်းသားများထိကပ်သွားသည်။ သူ့ရဲ့မျက်လုံးတွေအလိုအလျောက်မှိတ်ကျသွားသည်။ သူ့အသက်ရှူနှုန်းတွေ၊ ရင်ခုန်သံတွေမြန်ဆန်လာသည်။

ဒါကဘယ်လိုခေါ်တာလဲ။ သူ့နူတ်ခမ်းများတွေ ထုံကျဥ်အောင် စုပ်ယူခံရသည့်အခါ သူ့ခြေဖျားတွေ လေထဲလွင့်မျောနေသလိုခံစားရသည်။ အို...နူတ်ခမ်းသားချင်းထိတော့ နမ်းတယ်လို့ခေါ်ရမည်ပေါ့။ ဝတ္ထုတွေထဲမှာ ဇာတ်ကောင်တွေ ဒီလိုလုပ်ကြသည် သူဖတ်ဖူးသည်။

သို့သော် သူ့ကိုနမ်းနေသည့်လူက ယောက်ျားလေးတစ်ယောက်။ သို့သော် သူ့လက်တွေက တွန်းမဖယ်ချင်သေး။ အို...သူ့နူတ်ခမ်းတွေ သွေးတွေထွက်မတတ် နာကျင်လိုက်၊ပြီးကျတော့ ညင်ညင်သာသာနှင့် ဆွဲခေါ်ခံရလိုက်နှင့်။

"အမ်း..."

ထိုလူရဲ့အသံရှူသံတွေ ပါးစပ်ကထွက်လာသည့်အသက်ရှူနှုန်းတွေကို သူနှစ်သက်လိုက်တာ။ ဒါတွေကမဖြစ်သင့်ဘူးမလား။ သို့သော် ဘာကြောင့်မှန်းမသိ သူနှစ်သက်မိသည်။

Breaking Down( ခေတ္တရပ်ထား)Where stories live. Discover now