အခန်း (၈)

126 22 1
                                    

ဝတီတစ်ယောက် စားဖိုဆောင်ကိုပြန်ရောက်တော့ ညရောက်ဖို့သာလျှင်စိတ်စောနေမိသည်။ ဒေဝီသခင်မအတွက် နေ့လည်စာနဲ့ ညနေစာကိုတော့ ဒီနေ့တာဝန်ကျဖြစ်တဲ့ မယ်ယုတစ်ယောက်သာလျှင်သွားပို့လေသည်။ ဝတီကတော့လိုက်မသွားတော့ပါ။ အဘယ်ကြောင့်ဆိုသော် မိမိသည်ဒေဝီသခင်မ၏ နန်းဆောင်တည်နေရာကိုသိရှိပြီးမဟုတ်ပါလား။ ထို့ကြောင့် စားဖို​ဆောင်မှာပင်ဝိုင်းကူလုပ်ပေးရင်း ဒေဝီသခင်မအကြောင်းကိုသာလျှင်တစေ့တစောင်းမေးမြန်းကြည့်လိုက်၏။

"မမငွေ ကိုအကျွန်ုပ်သိချင်တာတစ်ခုမေးစရာရှိတယ်။ အပမ်းမကြီးဘူးဆိုလျှင်ပြောပြပါလား"

ဝတီ့ရဲ့စကားကြောင့် ကြက်သွန်ဖြူနွှာနေသော မယ်ငွေက ဝတီကိုတစ်ချက်ကြည့်လိုက်ကာစကားဆိုလိုက်၏။

"အသင်သိချင်တာရှိရင်မေးပါလေ။ အကျွန်ုပ်သိသမျှဖြေကြားပေးပါမယ်"

မယ်ငွေ၏စကားအဆုံး၌ဝတီလည်း တုံ့ဆိုင်းမနေဘဲ ဒေဝီသခင်မအကြောင်းကိုမေးလိုက်လေ၏။

"မမငွေ ဒေဝီသခင်မကိုမြင်ဖူးလား။ ​ဒေဝီသခင်မ ကဘယ်လိုပုံစံရှိပါသလည်း"

ဝတီ့ရဲ့စကားကြောင့် မယ်ငွေသာမက စားဖိုဆောင်တွင် အလုပ်လုပ်နေသူအပေါင်းတို့ ခေတ္တခဏလုပ်လက်စအလုပ်တွေအကုန်ရပ်တန့်သွား​လေသည်။ ပြီး ဝတီ့ကိုမျက်လုံးပြူကာဝိုင်းကြည့်နေကြ၏။ ဝတီလည်း ထိုသူများ၏ အပြုအမူကြောင့် ကြောင်အမ်းအမ်းပင်ဖြစ်သွားလေသည်။ ခဏကြာတော့ မယ်ငွေက ဝတီ့အနားကပ်ကာလေသံတိုးတိုးဖြင့်စကားဆိုလိုက်၏။

"အမလေး အသစ်က​လေးရယ်။ ဒေဝီသခင်မအကြောင်းကိုစကားတောင်မဟပါနှင့်။ ဒေဝဘုရင်သိရင်အသင်မလွယ်ဘူးနော်။ ဒေဝဘုရင်က ဒေဝီသခင်မကိုဘယ်သူမှအမြင်ခံတာမဟုတ်ဘူး။ အကျွန်ုပ်ဒီမှာအလုပ်လုပ်နေတာ နှစ်နဲ့ချီနေပြီ။ တစ်ခါမှ ဒေဝီသခင်မရဲ့ ပုံပန်းသဏ္ဍန်ကိုမမြင်ဖူးဘူး။ သူ့ကိုအလုပ်အကျွေးပြုနေတဲ့အခြွေအရံတွေတောင် သူ့အကြောင်းကိုပါးစပ်ဟတာမဟုတ်​ဘူး။ အဲ့ဒါကြောင့် အသစ်က​လေးမသိချင်ပါနဲ့။ ကိုယ့်အလုပ်ကိုဘဲလုပ်ပါ"

မယ်ငွေကထိုသို့ဆိုလိုက်ပြီး သူ့အလုပ်သူဆက်လုပ်နေလေသည်။ ဝတီတစ်ယောက်မှာလည်း မယ်ငွေရဲ့စကားကိုကြားပြီး ခေါင်းထဲတွင်အတွေးတို့ကတစ်ရိပ်ရိပ်ပေါ်လာလေသည်။ ဘာလည်းဟ။ သူတို့တွေလည်း ဒေဝီသခင်မကိုတစ်ခါမျှမမြင်ဖူးကြဘူးဆိုပါလား။ ငါ တွေ့ချင်စမ်းပါဘိ ဒင်းကို။ ဒေဝီသခင်မလို အဘွားကြီးကို ဒေဝဘုရင်က ဘာလို့အဲ့လောက်တောင်လူမြင်မခံရတာလ​ည်း။ စိတ်ဝင်စားဖို့တော့ကောင်းနေပြီ။ ဘာဘဲဖြစ်ဖြစ်။ ဒီညတော့ ဒေဝီသခင်နန်းဆောင်ကိုမရရအောင်သွားမှနဲ့တူတယ်။ ဝတီတစ်ယောက်ထိုကဲ့သို့တွေးပြီး တစ်ချက်ပြုံးလိုက်လေ၏။

ဒေဝီသခင်မWhere stories live. Discover now