(4.1)တုံးအတဲ့ မြေခွေးလေး

256 34 2
                                    

(4.1)တုံးအတဲ့ မြေခွေး

သူတို့တွေ အာကာသယာဥ်ပေါ်မှ မထွက်ခွာသွားခင်မှာ သူတို့တွေက အသင်းရဲ့အသေးစိတ်အချက်အလက်တွေကို ကြီးကြပ်ရေးမှူးများထံ အစီရင်ခံတင်ပြရလိမ့်မယ်။ ဒါကြောင့် စောင့်ဆိုင်းနေဖို့ အချိန်သိပ်မရှိဘူး။ ကုဝမ်ချန်က လီကျိုးရှင်း တွေးနေသမျှကို သိနေသလိုမျိုး ပြောလာခဲ့တယ်။

"မင်းတို့နှစ်ယောက်အပြင် အဖွဲ့ထဲကို ဝင်ချင်တဲ့သူတွေရှိသေးလား"

သူ့ရဲ့နောက်မှ ရေခဲတောင်ထက်တောင် ပိုပြီးအေးစက်တဲ့ အရှိန်အဝါတွေရှိနေပုံရတဲ့ လူငယ်တစ်ယောက် ထွက်လာခဲ့တယ်။ သူ့မျက်လုံးထဲက အကြည့်တွေက လှိုင်းတစ်ခုလေးတောင်ရှိမနေခဲ့ပဲ သမုဒ္ဒရာရဲ့နက်ရှိုင်းလွန်းတဲ့နေရာမှ ရေပြင်လို ငြိမ်သက်နေခဲ့ကာ သူစကားပြောတဲ့အချိန်မှာ သူ့ရဲ့အမူအယာတွေက ရေခဲမြစ်ထဲကနေ ထွင်းထုထားတယ်ထင်ရလောက်အောင် အေးစက်လွန်းနေပြန်တယ်။

"ငါက လင်းနျဥ် .. စက်ပစ္စည်းတွေနဲ့ စတားနက်မှာကျွမ်းကျင်တယ်"

ချောမောပြီး ရိုးစင်းပုံရကာ ဒီလိုမျိုးအရှက်မရှိလောက်အောင် ယုံကြည်ချက်ပြည့်ဝနေတဲ့ပုံက စာအုပ်ထဲမှာဖော်ပြထားတဲ့ လင်းနျဥ်က အတိအကျတူညီတယ်။

လီကျိုးရှင်းက ကုဝမ်ချန်နဲ့ လင်းနျဥ်ကို အံ့သြစွာကြည့်ပြီးပြောလိုက်တယ်။

"ဝိုး.. တိုက်ဆိုင်လိုက်တာ"

လင်းနျဥ်က ခေါင်းခါလိုက်ပြီး တိုတောင်းစွာပြောလာတယ်။
"တိုက်ဆိုင်တာမဟုတ်ဘူး"

သူက လီကျိုးရှင်း သူ့ရဲ့အကြောင်းကို တခြားလူတွေထံမှ မေးမြန်းနေတာကို သူ့ရဲ့ ကွမ်တမ်ကွန်ပြူတာမှတဆင့် တွေ့ရှိခဲ့တယ်။ လင်းနျဥ်က သူရဲ့ကိုယ်ပိုင်စွမ်းရည်အပေါ်မှာ အလွန်ယုံကြည်မှုရှိသော်လည်း ဝင်ခွင့်စာမေးပွဲက နည်းပညာနှင့် အသိပညာတစ်ခုတည်းဖြင့် မပြီးစီးနိုင်ကြောင်းကိုလည်း သိရှိထားတာကြောင့် လီကျိုးရှင်းရဲ့အဖွဲ့ထဲ ပါဝင်ဖို့ ဆုံးဖြတ်ခဲ့တယ်။

ဒါပေမယ့် သူ့ထောင့်ကနေ ထွက်လာတဲ့အချိန်မှာ လီကျိုးရှင်းက တခြားလူနှစ်ယောက်နဲ့ စကားပြောနေတာကိုမြင်တွေ့လိုက်ရတဲ့အတွက် အဖွဲ့ဝင်ရန်အတွက် ကုဝမ်ချန်ဆီကိုပဲ တိုက်ရိုက်သွားခဲ့တာ။

အစစ်အမှန်ကုန်းတစ်ယောက် စာအုပ်ထဲကိုကူးပြောင်းပြီးနောက် အဖြာင့်ယောင်ဆောင်နေရလေရဲ့Where stories live. Discover now