(Unicode)
တီ...
လူကြီးမင်းခေါ်ဆိုသောတယ်လီဖုန်းမှာဆက်သွယ်မှုဧရိယာပြင်ပသို့ရောက်ရှိနေပါသဖြင့်....
"ဒီကောင်လေး ငါ့ဖုန်းကိုမကိုင်ဘူးပေါ့ ရတယ်လေ မကိုင်လည်း Daouကို ဒီလိုလာစမ်းလို့ဘယ်ရမလဲ"
Daou တစ်ယောက် offroadဆိုတဲ့ကောင်လေး၏ဖုန်းနံပါတ်ရပြီးကတည်းက အကြောင်းမရှိ ဖုန်းတွေဆက်တိုက်ခေါ်နေခြင်းဖြစ်သည် တစ်ဖက်ကတော့ ဖုန်းကိုင်ခြင်းမရှိ
ဒေါက် ဒေါက် ဒေါက်
"Offroad ၊ တံခါးဖွင့်အုံး "
ဖုန်းမကိုင်သဖြင့် daouတစ်ယောက် offroadအခန်းဆီဦးတည်သွားလိုက်သည်
"အာ အောက်ထပ်ကအကို ဘာကိစ္စရှိလို့လဲမသိဘူး"
"ကိုယ်ဖုန်းဆက်တာမကိုင်လို့"
"ဖုန်းဆက်ထားတာလား ကျွန်တော် မသိလိုက်လို့ဗျ"
Offroadသိသိကြီးနဲ့ မကိုင်ခြင်းပင် ဒီလောက်ဖုန်းကောရေများစွာခေါ်နေခြင်းကို သူမသိဘဲဘယ်နေမလဲ ဒါပေမဲ့ ဒီလိုဆိုတိုင်း အခန်းထိလိုက်လာမည်ဟု သူမထင်ခဲ့ပါ
"ကိုယ်က မင်းဖုန်းမကိုင်တော့ တစ်ခုခုဖြစ်နေမလားလို့ စိတ်ပူပြီး လာကြည့်တာ"
"ဘာမှမဖြစ်ပါဘူး အဆင်ပြေတယ် ဘာကိစ္စရှိလို့ ဖုန်းဆက်တာလဲမသိဘူး"
"ကိုယ့်အခန်းမီးမလာလို့ မင်းဆီရော မီးလာလားလို့ လှမ်းမေးကြည့်မလို့"
"တစ်တိုက်ထဲပဲကို အတူတူပဲလေ"
"ဟုတ်သားနော်"
"ပြောစရာရှိသေးလား"
"နေ့လည်စာ စားပြီးပြီလား"
"ဟုတ် စားပြီးပြီဗျ"
"ကိုယ်မစားရသေးဘူး"
"သွားစားလေ"
"ဘာမှမချက်ထားလို့ မင်းဆီမှာစားလို့ရလား"
"ကျွန်တော်လည်း မချက်ဘူး ဝယ်စားတာ"
"ဟုတ်လား"
"ဟုတ်"
"ညနေကြ အတူတူသွားစားကြမလား"
"ကျွန်တော် ညနေအလုပ်သွားရင်းစားသွားမှာ မအားလောက်ဘူးဗျ"
YOU ARE READING
ကိုယ့်အပိုင် (ongoing)
RomanceDaouOffroad × Myanmar Bl DaouOffroad နှစ်ဦး၏နာမည်မှလွဲ၍ အခြားဇာတ်ကောင်နာမည်များသည် စိတ်ကူးယဉ်ထားခြင်းသာဖြစ်သည် ဤဝတ္ထုတွင် တစ်စုံတစ်ရာ အမှားအယွင်းပါရှိခဲ့လျှင် စာရေးသူ၏အမှားသာဖြစ်သည်