Part 1 (Unicode)

402 42 3
                                    

" ဆောရီး ဟန်ဘင်း ၊ ငါတို့ နည်းနည်းနောက်ကျသွားတယ် "

အချိန်ကို ကြည့်တော့ ခုနှစ်နာရီခွဲလုပြီ ။ ချိန်းထားတာထက် နာရီ၀က်ခန့်နောက်ကျနေပေမယ့် ဆောင်းဟန်ဘင်းသည်းခံလိုက်သည် ။

" ရတယ် ဝူရှစ်ကော ၊ ကျွန်တော်လည်း ရောက်နေတာ မကြာသေးဘူး "

ထိုအခါမှ ဝူရှစ်ကောက သက်ပြင်းချကာ မျက်နှာချင်းဆိုင်က ခုံမှာ၀င်ထိုင်လိုက်၏ ။ အမှန်တကယ်ဆို  အချိန်မတိကျခြင်းကို ဆောင်းဟန်ဘင်းမကြိုက်ပေ ။ စောင့်ဆိုင်းရခြင်းကို သူတကယ်သဘောမကျ ၊ ကိုယ်ကလည်း နောက်မကျစေရသလို တစ်ဖက်လူကိုလည်း ထိုင်စောင့်မနေချင်ပါ ။ တခြားသူသာဆို သူထပြန်ပြီးနှင့်ပြီ ။ ဝူရှစ်ကောက သူနဲ့အတော်တန်ရင်းနှီးသူဖြစ်တာက တစ်ကြောင်း ၊ ယခုကိစ္စကို ထပ်တလဲလဲတောင်းဆိုထားခြင်းလည်း ပါနေတော့ အဘက်ဘက်ကစဉ်းစားပြီး ဆက်စောင့်နေရခြင်းဖြစ်သည် ။

" အေးကွာ ၊ ငါတို့လည်း ထွက်လာတာပဲ ၊ လမ်းမှာလေ ပြသနာလေးတစ်ခုပေါ်လာလို့ "

ဝူရှစ်က ဆောင်းဟန်ဘင်းကို ပြောလိုက်ရင်း တံခါးဆီကို လှည့်ကြည့်သည် ။ ဟန်ဘင်းလည်း ထိုတစ်ယောက်ကို မမြင်မိတာကြောင့် မေးဖို့ပြင်တုန်းမှာပင် ဝူရှစ်ကောက မလုံမလဲဖြေလာသည် ။

" ဟောင့်ဟောင့်က သန့်စင်ခန်းခဏ၀င်သွားတယ် ၊ သူရောက်လာတော့မှာပါ "

ရောက်လာတော့မှာပါ ဆိုပေမယ့် ဆက်စောင့်လိုက်ရတာ နာရီ၀က်နီးပါး ။ ဝူရှစ်ကောက စကားစမြည်ပြောပေမယ့် သူ့ကိုအားတုံ့အားနာဖြစ်နေပုံ ။တစ်ဖက်ကို ဖုန်းဆက်ကြည့်ပေမယ့် တစ်ဖက်လူကလုံး၀မကိုင် ။ကြာတော့ ဟန်ဘင်းလည်း စိတ်အချဉ်ပေါက်လာသည် ။ ဒီလိုအချိုးတွေကြောင့် သူနာမည်ကြီးတွေနဲ့ အလုပ်မလုပ်ချင်တာ ။
တစ်လောကလုံးကို ဂရုမစိုက်တဲ့အထာနဲ့ အလုပ်ကိုလည်းမလေးစားတဲ့သဘောတွေ။ အခုချိန်းထားတဲ့တစ်ယောက်ကလည်း အတော်လေးနာမည်ကြီးတဲ့အထဲပါသည် ။ဆောင်းဟန်ဘင်းက C Entertainmentလောကနဲ့ ပက်သက်လို့ သိပ်မသိပေမယ့်
Gymလာကစားတဲ့ မိန်းကလေးတွေ ပါးစပ်ဖျားမှာ သူ့နာမည်ကို ဟန်ဘင်းမကြားမှအဆုံး။

Kiss It Better Where stories live. Discover now