chapter 33

82 18 0
                                    

Chapter 33
July 13, 2024
🐯Chapter 33

ကုယွီမြန်က နူးညံ့သိမ်​​မွေ့​ပြီး အငြင်းမပွားတတ်​သောသူဖြစ်သည်။ သူ အကြိုက်ဆုံးပုံပြင်များမှာ ပြီးပြည့်စုံပြီး အမြဲ​ပျော်ရွှင်သည့်ဇာတ်သိမ်းများရှိလိမ့်မည်။

"ဟိုး​ရှေး​ရှေးတုန်းက ဝက်ဝံညို​လေးတစ်​ကောင်ရှိတယ်..."

ကုယွီမြန်က ​ပျော်ပွဲစားအခင်း​ပေါ်တွင် တင်ပျဥ်​ခွေထိုင်​နေခဲ့သည်။ သူက ထန်ယွမ်နှင့်နှင်းကျားသစ်​​လေးအား ဖက်ထားပြီး ည​နေခင်း​လေကို ခံစားနေခဲ့သည်။

"သူက​​​ နွေရာသီရဲ့ မိုးရွာတဲ့​နေ့မှာ ထီးယူဖို့​မေ့သွားလို့ ကြာရွက်အကြီးကြီးကို အမိုးအဖြစ်ကာဖို့ ​တောထဲမှာလိုက်ရှာ​နေခဲ့တယ်..."

ဤပုံပြင်က ဝက်ဝံ​​ညိုလေးတစ်ကောင်က ယုန်​လေး၊ ဘဲ​ဝါဝါလေးနှင့် အခြားအ​ကောင်​​ပေါက်စ​လေးများနှင့် မိုးခိုရင်း​တွေ့ကြပုံအ​ကြောင်းဖြစ်သည်။ သူတို့က ​တောထဲရှိ အဘိုးတစ်ယောက်နေထိုင်သော သစ်သားအိမ်​လေးတစ်လုံးကို​တွေ့ခဲ့ကြသည်။

အဘိုးအိုမှ သူတို့အား မိုးခိုရန် ကြာရွက်ကြီး၊ ​ခြောက်​သွေ့​အောင်သုတ်ရန် ပဝါ၊ ကွတ်ကီးနှင့် နွားနို့ပူပူအား​ပေးခဲ့သည့်အပြင် ပုံပြင်များစွာဖတ်ပြခဲ့သည်။ မိုးတိတ်သွားပြီးရက်များစွာကြာသည့်တိုင် ဝက်ဝံညို​လေးတို့မှာ အဘိုးအိုဆီ​သို့နေ့တိုင်းသွားခဲ့ကြသည်။ သို့​သော် တစ်ရက်တွင် အဘိုးအို​ပျောက်သွားခဲ့သည်။

"အဲ့ဒါ အဘိုးအိုက မြို့ထဲက သူ့သူငယ်ချင်းဆီကိုသွားလည်ခဲ့ပြီး ထရပ်ကားနဲ့​တွေ့ခဲ့တယ်...ပြီး​​တော့ သူ..."

ကုယီမြန် ရပ်တန့်လိုက်သည်။

"​နောက်ပိုင်း အဘိုးအိုကမြို့မှာ​နေရတာ ပျင်းသွားပြီးတောထဲ ပြန်လာခဲ့တယ် အဲ့ဒီအချိန်မှာ ဝက်ဝံညို​လေး​က

အဘိုးအိုပေးထားတဲ့ ကြာရွက်နဲ့ထီးတစ်ခုလုပ်ခဲ့တယ်...

သူတို့က ကွတ်ကီးဖုတ်နည်းကိုလည်း သင်ထားခဲ့ပြီး အဘိုးအိုပြန်လာမှာကို​ စောင့်​​နေခဲ့တယ်..."

သားပေါက်လေးတွေကိုပျိုးထောင်မယ်Where stories live. Discover now