Intro

373 83 8
                                    

Playlist - 'Casusl' by Chappell Roan

Unicode~

"Morning အန်တီ.."

"သား နိုးပြီလား။ သားသူငယ်ချင်းက ကမ်းခြေဘက်ထွက်သွားတယ်။ သွားခေါ်လိုက်ပါဦးကွယ်။ ဒီမှာ သားတို့စားဖို့ အန်တီအကုန်ပြင်ထားပြီးပြီ"

အန်တီက အဲသည်လိုပဲ သိပ်သဘောကောင်းသည်။ အန်တီပြုံးလိုက်တိုင်း သူ့ကိုမြင်ယောင်မိသည်အထိ သူတို့သားအမိတွေက ပြုံးဟန်ချင်းဆင်ကြသည်။ ဒါတွေကိုပဲ ကိုယ်က တွယ်တာနေမိတာ။

"ဟုတ်ကဲ့ အန်တီ။ ကျွန်တော် သူ့ကိုသွားခေါ်လိုက်ဦးမယ်"

ပင်လယ်လေက မျက်နှာပေါ် သဲနုနုတွေ လာပက်ဖျန်းစေသည်။ ဆားနံ့သင်းနေသော ပင်လယ်ရေအမှုန်အမွှားလေးများကို မခံစားမိဘဲ မနေနိုင်အောင်ပင်။

သူ့ခြေဖဝါးလေးဟာ တစ်လှမ်းစီတိုင်းမှာ ကမ်းခြေသဲပြင်ဆီ နစ်ဝင်သွားတတ်သည်။ ဖိနပ်ပါးလေးထဲ ပြည့်လာသော သဲမှုန်များကြောင့် ကြမ်းရှရှရသကို ခံစားမိသည်အထိ။ ကိုယ်ဒါတွေကြောင့် ကမ်းခြေကို မကြိုက်တာ။ Balance Gameကစားတိုင်း ကမ်းခြေနှင့်တောင်တန်းထဲမှ ရွေးချယ်ရလျှင် တောင်တန်းကိုသာ တစိုက်မတ်မတ်ရွေးချယ်တတ်သူကလည်း ကိုယ်ပါပဲ။

ကြည့်စမ်းပါဦး.. တောင်တန်းဒေသထက် ကမ်းခြေကို အရောက်အပေါက်များနေရတာလည်း ကိုယ်ပါပဲ။

အဝေးကြီးက ပုံရိပ်လေးကြောင့် ကမ်းခြေကိုမုန်းလိုက်တာဟု တောက်လျှောက်ညည်းညူလာသူဟာ နှစ်နှစ်ကာကာ ပြုံးသည်။ ကမ္ဘာသစ်ကြီးတစ်ခုကို စွန့်ဦးရှာဖွေတွေ့ရှိသူလို စိတ်လိုလက်ရပြုံးနေမိသည်။
သူ့ကို လှမ်းမခေါ်မိခင် အကြာကြီးရပ်ကြည့်နေတာ သူကြောင့်ဖြစ်လာသော ကိုယ့်အကျင့်များစွာထဲက တစ်ခုသာ ရှိသေးသည်။

ကျောက်စရစ်ခဲလေးများကို ပင်လယ်ကြီးဘက် ပစ်နေသူဟာ ကိုယ့်ကို သတိမပြုမိပါ။ သူ့အာရုံလေးနှင့် လှုပ်ရှာသက်ဝင်နေသမျှအရာရာကို ကိုယ်ဟာ မြက်မြက်နိုးနိုး ငေးကြည့်နေမိပါသည်။

လှိုင်းတံပိုးပုတ်ခတ်တိုင်း သူ့ခြေဖျားဝပ်တွားခယသွားသည့် ရေထုအဟုန်လေးကို သူမနာလိုဖြစ်ချင်လာသည်။ သူရွေးချယ်ခြင်းခံရသည့် ကျောက်စရစ်ခဲလေးများကလည်း ကိုယ့်ထက်ကံကောင်းကြသည်။

You've reached the end of published parts.

⏰ Last updated: 11 hours ago ⏰

Add this story to your Library to get notified about new parts!

𝒞𝒶𝓈𝓊𝒶𝓁 Where stories live. Discover now