Chapter 16

49 12 7
                                    

နှစ်ယောက်သား လမ်းကြားလေးထဲ ရှေ့ဆင့်နောက်ဆင့် လျှောက်လာကြတယ်..

ထုံထုံက ရှေ့ကနေ မှုန်ကုပ်ကုပ်နဲ့ ထော့နဲ့ ထော့နဲ့ လျှောက်နေတယ်..

ကျိုးရိုကလည်း မျက်နှာငယ်လေးနဲ့ ထုံထုံလွယ်ထားတဲ့ ထုံထုံ့ နောက်က ကျောပိုးအိတ် ထိပ်လက်ကိုင် ကိုင်းကို ထုံထုံ့ပုခုံး အလေးပေါ့အောင် ဂရုတစိုက် မ,ပေးရင်း နောက်က တန်းလန်း တန်းလန်းပါလာတယ်...

ထုံထုံက မီတာ၁၀၀လောက် လျှောက်ပြီးတော့ ထပ်မသွားနိုင်တော့ဘူး၊ သူ့ခြေချင်း၀တ်က တူနဲ့ ထုနေသလိုကို တဆစ်ဆစ် နာလာတယ်...

"တော်လောက်ပြီ" ကျိုးရိုက ထုံထုံ့ရဲ့ ဖြူရော်နေတဲ့မျက်နှာကို ကြည့်ရင်း ပြောလိုက်တယ်၊ ပြီးတော့ သူက စကားများမနေတော့ဘဲ ခါးကိုင်းလိုက်ပြီး ထုံထုံ့ကို ပွေ့ချီလိုက်တယ် "ငါ တောင်းပန်ပြီးပြီပဲ၊ မင်းက ဗြောက်အိုးလား? တခုခုဆိုတာနဲ့ ပေါက်ကွဲနေတာ"

ထုံထုံက ကျိုးရိုကို ဘာစကားမှ ပြောချင်စိတ်မရှိဘူး၊ သူ့မျက်နှာကလည်း ခြေထောက်က နာနေတာကြောင့် ဖြူရော်နေတုန်းပဲ...

သူ့အမေနဲ့ ဆရာ၀န်က ကျောင်းခွင့်ယူဖို့၊ အိမ်မှာပဲ ခြေထောက်ကို ကောင်းကောင်း အနားပေးဖို့ ပြောခဲ့ကြပေမဲ့ ထုံထုံက လက်မခံဘူး...

သူအိမ်မှာရှိနေလည်း ဘာမှကူဖော်လောင်ဖက်ဖြစ်မှာ မဟုတ်ဘူး၊ ဘာပဲဖြစ်ဖြစ် သူ့အမေပြောသလိုပဲ၊ ကျောင်းသားက ပထမဦးစား‌ပေးအနေနဲ့ ကျောင်းစာကိုပဲ သေချာ အာရုံစိုက်သင့်တယ်လေ...

ကျိုးရိုက Taxiတစီးငှားလိုက်ပြီး သူတို့ကားထဲ၀င်လိုက်ကြတယ်၊ နှစ်ယောက်သား အထိုင်နေရာကျတော့ ကျိုးရိုက ထုံထုံ့နား တတိတိနဲ့ တိုးသွားပြီး "စိတ်မဆိုးတော့ဘူးမလား? ဟင်?"

"ဘာမှ မဆိုးဘူး" ထုံထုံက အရူးတွေကို စိတ်မဆိုးဘူးလို့ တွေးထားတယ်..

"စကားမစပ်..." ကျိုးရိုက အိတ်ကပ်ထဲက သူ့ဖုန်းကို ထုတ်လိုက်ပြီး "ငါ့ခွေးရဲ့ပုံ ကြည့်ချင်လား?"

"................."

ဒီစကားက သူ့ကို ရန်စနေတာလား၊ အကောင်းပြောနေတာလား ဆိုတာ သိချင်လို့ ထုံထုံက ကျိုးရိုဘက်လှည့်ပြီး အကြာကြီး စိုက်ကြည့်နေလိုက်တယ်...

ထိုင်ခုံဖော်ရေ.. ကျေးဇူးပြုပြီး နိုးထပါတော့!Where stories live. Discover now