chapter 1.1 - ဆောင်းညချမ်း၌ မင်္ဂလာဝေါယာဥ် စီးနှင်းခြင်း Unicode + Zawgyi

208 23 2
                                    

Unicode

chapter 1: ဆောင်းညချမ်း၌ မင်္ဂလာ ဝေါယာဥ် စီးနှင်းခြင်း

တအားအေးသည့် ဆောင်းရာသီကာလတွင် လျှိုရှီရွာထဲ၌

မှောင်ရီပျိုးစအချိန်တွင် အနီရောင်ဝေါယာဥ်ကြီးမှာ ​ရေခဲနေသော မြစ်ကမ်းပါးမှ ရွာအနောက်ဘက်သို့ အလောတကြီး ရွေ့လျားနေသည်။ ဝေါယာဥ်၏ဘေးမှာတော့ ကြည့်ကောင်းသည့်ရုပ်ရည်ရှိကာ သူမမျက်လုံးတွေမှာတော့ ချွန်ထက်ကာ အပေါ်ထောင့်သို့ တက်နေခဲ့ပြီး ပိန်ပါးပါးနှုတ်ခမ်းတွေက သူမကို ကြင်နာမှုမရှိသည့် ပုံစံမျိုး ပေးစွမ်းနေသည်။

အဲ့ဒီအချိန်မှာပဲ သူမမျက်နှာထက်ဝယ် စိတ်မချမ်းသာမှုနှင့် စိတ်သောကဝေနေမှုတို့အား ဖော်ပြလာသည်။ သူမက မကြာခဏ ဝေါထမ်းသမားများအား မြန်မြန်သွားရန် တိုက်တွန်းနေခဲ့တာကြောင့် လက်ထဲမှ ရှေးဟောင်းလက်ကိုင်မီးအိမ်မှာ ကြမ်းကြမ်းတမ်းတမ်း ယမ်းခါနေလေသည်။ ဘာပဲဖြစ်ဖြစ် သူမ၏ တိုက်တွန်းမှုတွေအောက်မှာ သူတို့က လေးလံလွန်း၍ အသက်ရှူမဝဖြစ်နေပြီး ပိုပြီး မြန်မြန်လှုပ်ရှားနေကြသော်လည်း ဒီ ဝေါထမ်းသမားတွေက အသက်ကြီးနေပြီး ရုပ်ပိုင်းဆိုင်ရာ အားနည်းကာ ပိန်ပါးကြသည်။

လမ်းရဲ့တစ်ခြားတစ်ဖက်မှာတော့ တစ်ယောက်ယောက်က ဂိတ်ကိုဖွင့်လိုက်ပြီး ဝတ်ကောင်းစားလှနှင့် လူများဝင်ရောက်လာတာကြောင့် ဖြတ်သွားသောအဖွဲ့များက  စပ်စုလိုသည့် အကြည့်များဖြင့် ကြည့်နေကြသည်။ ကောင်းကင်ကို ခဏတာမော့ကြည့်လိုက်ပြီးနောက် ကြည့်နေတဲ့သူတွေထဲက တစ်ယောက်က မင်္ဂလာအခမ်းအနားစီတန်းတာအတွက် အတော်ပင် နောက်ကျနေပြီဟု တွေးလိုက်သည်။ ထပ်ပြောရမယ်ဆို မြင်းစီးကာ ဦးဆောင်ပေးရမည့် သတို့သားဖြစ်သူလည်းမပါ၊ ပုံမှန်မင်္ဂလာပွဲတွေမှာရှိသည့်သင့် တီးမှုတ်​ပေးမည့် အုပ်စုလည်း မပါပေ။ ဒီဟာကိုကြည့်ပြီးတော့ ဖြတ်သွားဖြတ်လာတွေကလည်း ဘာမှဝင်မစွက်ဖက်ဘဲ ပုံမှန်အတိုင်း ဂိတ်ပေါက်ကိုသာ ထိကပ်နေအောင် ပိတ်လိုက်တော့သည်။

တစ်နည်းအားဖြင့်ဆိုရရင် ဝေါယာဥ်ဘေးနားက အမျိုးသမီးက အရေးတကြီး တိုက်တွန်းနေဆဲပင်။ ရံဖန်ရံခါ ဝေါထမ်းသမားများအား ခပ်တိုးတိုးဖြင့် ရိုင်းစိုင်းစွာပြောဆိုပြီး ကျိန်ဆဲနေတတ်သည်။

You've reached the end of published parts.

⏰ Last updated: Oct 21 ⏰

Add this story to your Library to get notified about new parts!

ရုပ်ဆိုးသည့်ယောကျ်ားအား လက်ထပ်ပြီးနောက် [Myanmar Translation]Where stories live. Discover now