အပိုင်း (၁၈၆) ဝမ်မိသားစုကိုအလုပ်ဖြုတ်ခြင်း
ပြောပြီးနောက် ပိုင်လီက ငြင်းခုန်နေကျသည့် လူတွေကိုကြည့်ကာ ပြောလိုက်တော့၏။
"တော်လောက်ပြီ! ဘာမှထပ်ပြောစရာမရှိတော့ဘူး"
ဒါကိုကြားတော့ ငြင်းနေကျတဲ့နှစ်ဘက်လုံးက ပိုင်လီ ဆုံးဖြတ်တော့မယ်ဆိုတာကို သဘောပေါက်သွားကျ၍ ငြိမ်သွားကျကာ ဝမ်မိသားစုကမူ အနည်းငယ်စိုးရိမ်နေကျပေသည်။
သူတို့က ရှောင်ဟန်ရဲ့ကလေးတွေက အသီးတွေကိုဖြုန်းတီးတဲ့အနေနဲ့ ကစားနေကျတုန်းမှာ နည်းနည်းလောက်ပဲ ထပ်ချောက်တွန်းဖို့လုပ်ခဲ့ချင်ရုံပါ။ ဒါပေမယ့် ဒီလောက်ထိ ပြဿနာကကြီးလာမယ်လို့ မထင်ဘူးလေ။
နောက်တော့ ပိုင်လီက...
"အဒေါ်ဝမ် အဒေါ်တို့နောက်ဆို ဒီကိုလာစရာမလိုတော့ဘူး ခြံကနေ ဝမ်မိသားစုကို အလုပ်ထုတ်လိုက်ပြီ"
ဒီထက်ရှင်းမည့်စကားက ရှိဟန်မတူတော့ပေ။
ဒါပေါ့ ပိုင်လီစကားက ရှင်းလွန်း၍သာ ဝမ်လေနဲ့ဝမ်မိသားစုက အံသြသွားကျရပြီး သူတို့က အထိတ်တလန့်နဲ့...
"အဲတာကဘာစကားလဲ!! ငါတို့က ဘာအမှားမှမလုပ်ထားဘူး! ဘာလို့ ငါတို့ကအလုပ်ထွက်ရမှာလဲ!!!"
ချီလင်ရဲ့ထိုအော်သံသည် အနည်းငယ်စူးနေကာ ဝမ်လေကလည်း ပိုင်လီကို ငိုတော့မလိုမျက်နှာနှင့် ကြည့်လာ၍...
"အစ်ကိုပိုင်လီ.. အစ်ကိုတကယ်ပြောနေတာလားဟင် ဒါပေမယ့် ဒါက ကျွန်တော်တို့အမှားမဟုတ်ဘူးလေ"
ပိုင်လီကတော့ ဒီမိသားစု၏ မျက်နှာပြောင်မှု အရည်ချင်းက အတော်လေးကောင်းသည်ဟုသာ မှတ်ချက်ပေးလိုက်မိတော့၏။ သူတို့တွေက ဒီလောက်ပေါ်သွားပြီးတာတောင် ငြင်းနေကျတုန်းပဲလေ။
ထို့ကြောင့် ပိုင်လီသည် ဆက်လက်ငြင်းခုန်ရမှာကို စိတ်မရှည်စွာနှင့်ပင် ပြောလိုက်လေသည်။
"မင်းတို့က အမှားမလုပ်ထားဘူးပေါ့လေ..."
မေးပြီးနောက် ပိုင်လီကရယ်မောလိုက်၍...
"ဘယ်လိုတောင် ပြောရဲနေတာလဲ! ဒီမှာဝမ်မျိုးရိုးနဲ့ကောင်လေး မင်းက ငါ့သားကို ငိုသွားတဲ့ထိဆူလိုက်တယ်ဆို ငါမင်းကိုမေးချင်တာက မင်းကိုမင်း ဘယ်သူထင်နေတာလဲ!!"
YOU ARE READING
အမှိုက်ကောင်လေး၏ ပျော်ရွှင်ဖွယ်ဘဝ (Completed) အမှိုက်ကောင်လေး၏ ပျော်ရွှင်ဖွယ်ဘဝ