လုပ်ကြံဖို့ရန်အကြံစည်

6.9K 713 12
                                    

အပိုင်း (၁၈၇) လုပ်ကြံဖို့ရန်အစီစဥ်

လူစုကွဲသွားတော့ ပိုင်ကျန်းက အသီးတွေကို ကောက်ကြည့်နေပြီး သူက ...

"ဒု​တိယ ဒီအသီးတွေက စိမ်းသေးပေမယ့် အရည်ရွှမ်းနေတယ် ကျွဲတွေကိုများ ကျွေးလို့ရလောက်ဦးမလား"

အသီးများစွာသည် ပျက်စီးသွားပြီဖြစ်ပြီး ဒီတိုင်းပြစ်လိုက်ရမှာက နှမျောစရာကောင်းလွန်းသဖြင့် အနည်းဆုံးတော့ ကျွဲတွေကို ကျွေးလို့ရသေးလျှင် ကာမိဦးမည်။

ပိုင်လီကလည်း သူ့အစ်ကိုကြီးဆန္ဒကို မငြင်းဘဲ သူတို့ အသီးတွေကို ကျွဲတွေကို ကျွေးလို့လောက်ရတယ်လို့ ပြန်ဖြေလိုက်ပါတယ်။

နောက်တော့ သူတို့သည် အသီးတွေကို ကျွဲတွေစားမစား စမ်းကျွေးကြည့်ခဲ့ကျပြီး အဆင်မပြေတာမရှိတော့မှ ကလေးတွေကိုခေါ်ကာ အိမ်ပြန်လာခဲ့ကျတော့သည်။

အစောလေးက လူကြီးတွေစကားများနေတုန်းမှာ ဒီကလေးတစ်စုက မလှမ်းမကမ်းမှာရှိနေခဲ့တာပါ။ သူတို့က လူကြီးတွေ ဘာတွေပြောနေမှန်း မသိပေမယ့်လည်း နောက်ဆုံး၌ ဝမ်မိသားစုကို ဖုပင်းက ဆွဲထုတ်သွားတာမြင်လိုက်ကျ၍ ထိုလူများက နောင်တွင်သူတို့အား မနှောက်ယှက်နိုင်တော့မည်ကို ဝိုးတဝါးရိပ်မိသွားကျကာ ကျေနပ်သွားခဲ့ကျတာလည်းဖြစ်သည်။ အဲဒီနောက် သူတို့က လူကြီးတွေနဲ့အတူ ကျွဲတွေကိုအသီးတွေကျွေးပြီးနောက်မှာ အိမ်ကိုလိမ္မာစွာနဲ့ ပြန်လိုက်လာခဲ့ကျတော့၏။

လူတိုင်းက ဤမျှနှင့် ပြီးသွားပြီလို့ ထင်ခဲ့ကျတာလည်းဖြစ်သည်။

ဒါပေမယ့် အဲဒီညမှာပဲ ဖုပင်းက ရေချိုးပြီးပြန်လာတော့ ပိုင်လီက သူ့အခန်းရှေ့မှာ ရောက်နေတာတွေ့လိုက်ရ၍ သူကစိတ်လှုပ်ရှားသွားခဲ့ရ၏။

ကြည့်ရတာ သူ့အတွက် အလုပ်တစ်ခုခုရှိမယ့်ပုံရသည်။

ပိုင်လီက အစေခံတွေအပေါ် ဆက်ဆံပုံ သိပ်မဆိုးလှပေ။ ဖုပင်းရဲ့နေရာက သပ်ရပ်ပြီး သူကညဘက်တွေအပြင်မှာ ဝိုင်သောက်ရတာကြိုက်တော့ အပြင်မှာထိုင်ဖို့ နေရာတစ်ခုတောင် ရှိပါသေးတယ်။

အမှိုက်ကောင်လေး၏ ပျော်ရွှင်ဖွယ်ဘဝ (Completed) အမှိုက်ကောင်လေး၏ ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now