ဝတီရဲ့အကြည့်များကြောင်ထင်၏။ သခင်မရဲ့မျက်နှာတော်လေးမှာအနည်းငယ်ပင်နီမြန်းသွားလေသည်။ ပြီး ဝတီ့ကိုစကားဆိုလိုက်လေသည်။
"အသင် အကျွန်ုပ်ကိုကြည့်လှချည်လား။ သိက္ခာတရားကိုထိန်းပါဦးလား။ အသင့်ရဲ့အကြည့်တွေကြောင့် အကျွန်ုပ်နေရခတ်ပါဘိ"
သခင်မတစ်ယောက်ထိုသို့ပြောပြီး မျက်နှာတော်လေးကို တစ်ဘက်သို့လွှဲလိုက်လေ၏။ ထိုအခါကျမှဝတီတစ်ယောက် သတိပြန်ဝင်လာပြီး သခင်မကိုအားနာသွားလေသည်။ အော်....သခင်မရဲ့အလှတရားက စိုးမိုးနိုင်လွန်းတယ်လေ။ အကျွန်ုပ်မဏိရူပဝတီဘယ်လိုလုပ်ပြီးမျက်ကွယ်ပြုနိုင်မှာလည်း။ ထို့နောက် ဝတီလည်း သခင်မကိုစကားစဆိုလိုက်၏။
"ဒေဝီသခင်မက သိပ်ကိုလှပလွန်းအားကြီးနေတော့ အကျွန်ုပ်သတိလက်လွတ်နဲ့ငေးလိုက်မိတာပါ။ သခင်မစိတ်တော်မရှိလေနှင့်။ အကျွန်ုပ်သိချင်တဲ့ သခင်မရဲ့အကြောင်းကိုပြောပြမယ်ဆို။ အကျွန်ုပ်အရမ်းပင်သိချင်စိတ်ပြင်းပြမိပါ၏"
ဝတီ့ရဲ့စကားကြောင့် သခင်မရဲ့မျက်နှာတော်လေးဟာလည်း ဝတီရှိရာဘက်သို့တဖန်လှည့်လာခဲ့လေသည်။ ပြီးနူးညံ့သိမ်မွေ့သောအသံဖြင့်စကားဆိုလိုက်၏။
"ဒါဆိုလည်း အသင့်ရဲ့မျက်နှာမှာစည်းထားတဲ့အဝတ်ကိုချွတ်လိုက်ပါဦးလေ။ ဒီနေရာမှာ အသင်နဲ့အကျွန်ုပ်နဲ့ နှစ်ယောက်ဘဲရှိတာ စိတ်မပူလေနှင့်။ အသင့်ရဲ့မျက်နှာကို အကျွန်ုပ်အာရုံထဲမှာမြင်ဖူးပါရဲ့"
သခင်မရဲ့စကားကြောင့် ဝတီတစ်ယောက်အံ့သြသွားလေသည်။ ဘာရယ်...။ သခင်မက ငါရဲ့မျက်နှာကိုသူ့အာရုံထဲမှာမြင်ဖူးတယ်ဟုတ်လား။ ဝတီတစ်ယောက် သခင်မရဲ့အမြင်အာရုံကိုစိတ်ဝင်စားသွားရ၏။ အမြင်အာရုံတင်မဟုတ် သခင်မနဲ့ပတ်သတ်တာမှန်သမျှကိုသိချင်လာမိ၏။ ထို့ကြောင့် ဝတီလည်း သခင်မရဲ့စကားကိုမလွန်ဆန်နိုင်။ မျက်နှာပေါ်ရှိစည်းထားသော အဝတ်ကိုဖယ်ရှားလိုက်လေသည်။ ထိုအခါ လှပချောမောသောအိမ်ရှေ့စံမင်းသမီးလေးမဏိရူပဝတီရဲ့ မျက်နှာတော်လေးမှာလည်း ထင်ထင်ရှားရှားပေါ်လာခဲ့လေသည်။
YOU ARE READING
ဒေဝီသခင်မ
Historical Fictionလူတစ်ယောက်ရဲ့ အတိတ်နဲ့လာမယ့်တစ်နှစ်တာအတွင်းဖြစ်ပေါ်လာမယ့် အနာဂတ် သို့မဟုတ် ယခုလက်ရှိပစ္စုပ္ပန်ကာလကိုကြိုတင်သိမြင်နိုင်စွမ်းရှိသော၊ စစ်ပွဲများ၏ အနိုင်အရှုံးကိုကြိုတင်ဟောကိန်းထုတ်နိုင်စွမ်းရှိသော နတ်ဆရာမလေး နန်းဒေဝီနွယ်။ ရဲစွမ်းသတ္တိသာမက လက်ရုံးရည်၊နှ...