♎️Chapter 58
ဖုယွမ်ကျိုးက တည်ငြိမ်နေပုံရသော်လည်း တကယ်တမ်းတွင်အံ့အားသင့်နေလေသည်။ ရှန်းရှီကောကဂိမ်းကစားသည့်နေရာတွင်တော်ကြောင်းသူသိထားသော်လည်း သူ့အဆင့်က သိထားသည့်အဆင့်ထက်ပင်ကျော်နေလေသည်။
သူသည်အားမနည်းပေ။ ကစားသမားများထဲတွင် ထိပ်ဆုံးဆယ်ယောက်နေရာတွင်ရှိနိုင်သည်။ ရှန်းရှီကောကသူ့ထက်ပိုသာသော်လည်း အတူတူနီးပါးဟုထင်ထားခဲ့သည်ပင်။ အရင်ဘဝက သူတို့နှစ်ယောက်ကစားစဥ်တွင် ရှုံးလည်းရှုံးဖူးသလိုနိုင်လည်းနိုင်ဖူးကြသည်၊၊ ယခုမူ သူမှတ်မိထားခဲ့သည်ထင်ပင် ပိုတော်ပြီးပိုစွမ်းအားကြီးနေလေ၏။
အရင်ဘဝက ငါသူနဲ့ကစားတော့ ငါ့ကိုအလျှော့ပေးထားတာများလား။
ဖုယွမ်ကျိုးမှာမယုံကြည်နိုင်ပေ။ ယွမ်ယဲ့က ဖန်သားပြင်ကိုလှမ်းကြည့်ပြီး ရှန်းရှီကော၏အဆင့်ကိုခန့်မှန်းလိုက်သည်။
"မင်းမဆိုးဘူးပဲ..."
ရှန်းရှီကောက ပုံမှန်လိုပင် ယွမ်ယဲ့ကို ပြန်ချီးကျုးပေးလိုက်သည်။ယွမ်ယဲ့ကဘာမှမပြောဘဲ Dungeon ကိုနောက်တဆင့်ဖွင့်လိုက်သည်။ မကောင်းဆိုးဝါးအုပ်လိုက်ကြီး ပေါ်လာချိန်တွင် ဖုယွမ်ကျိုးကယွိဖေးကိုကာကွယ်ပေးလိုက်၏။ ယွိဖေးက Handle ကိုကြိုးစားပြီးကိုင်နေရသည်။ ယခုလို ဝရုန်းသုန်းကားဖြစ်နေချိန်တွင် သူရှန်းရှီကောအနားကိုကပ်၍မရသောကြောင့် ဖုယွမ်ကျိုးပြောသည့်အတိုင်းလိုက်လုပ်နေရပြီး သူ့အနေဖြင့် ဖုယွမ်ကျိုးကိုလည်းဒုက္ခမများစေချင်ပေ။
"ဝုန်း..."
RPG တစ်ခုက မကောင်းအုပ်စုထဲကို ကျည်တစ်ခုပစ်သွင်းပြီး လမ်းကြောင်းရှင်းပေးလိုက်သည်၊၊ ရှန်းရှီကောက၎င်းနှင့်မဝေးပေ။"ကံကောင်းလို့ ဒီတစ်ခါတော့ဘာဒဏ်ရာမှမရလိုက်ဘူး..."
ရှန်းရှီကောက RPG နှင့်ထုလိုက်သည့် ယွမ်ယဲ့ကိုပြုံးပြလိုက်သည်။
"မင်းကပစ်မှတ်ကိုအတိအကျချိန်နိုင်တယ်နော်..."ယွမ်ယဲ့က ရှန်းရှီကောနှင့်မပြောချင်၍ ထပ်မပြောတော့ပေ။ တကယ်တမ်း၌သူရှန်းရှီကောကိုချိန်ထားသော်ငြား အနှီသူကသူလုပ်မည်ကိုသိနေခဲ့သည်။ သူ၏စစ်တပ်သုံးလက်နက်ကိုပင် ရှောင်နိုင်ခဲ့၏။ သူသည်ကား အကွာအဝေးကိုစနစ်တကျတွက်ချက်နိုင်ပြီး အချိန်ကိုတွက်ချက်နိုင်သည့် ထိတ်လန့်စရာစွမ်းရည်မျိုးရှိသည်။ သူကိုယ်တိုင်လုပ်နိုင်သော်လည်း ရှန်းရှီကောအဆင့်ကြောင့် နောက်တခါလက်လွတ်သွားရပြန်၏။
YOU ARE READING
အိုမီဂါအဖြစ် မွေးဖွားလာပြီးနောက် အားလုံးက ငါ့ကိုလိုချင်နေကြတယ်
FantasyBL, Omegaverse story