"ခရမ်းသီးနှပ်ရရင် ထမင်းက ပိုစားလို့ကောင်းလိမ့်မယ်" ကုပိုင်သည် ခရမ်းသီးနှပ်ကို မလောင်းထည့်ခင် ထမင်းကို အရင်စစ်လိုက်သည်။ဟုတ်ပေသည်၊ ဟင်းကလည်း အမှန်ပင် အရသာရှိလေသည်။ဒါကို နေ့လည်စာအတွက် ဆန်ပြုတ်ချက်စားတုန်းက ကုပိုင်သိခဲ့တာဖြစ်၏။ ဒုတိယမြောက်ကမ္ဘာတွင် သူအသုံးပြုခဲ့သည့်ထမင်းထက် ပို၍အရသာရှိသည်။
ဒုတိယမြောက်ကမ္ဘာရှိ အခြားပါဝင်ပစ္စည်းများသည် အစစ်အမှန်လက်တွေ့ကမ္ဘာတွင် ရှိသည့်ပါ၀င်ပစ္စည်းများကဲ့သို့ အရသာမရှိဟု ဆိုလိုသည်လား။ ဒါကိုတွေးပြီး ကုပိုင် အဖြေကိုသိရရန် မစောင့်နိုင်လုနီးပါးဖြစ်သွားရ၏။
သူ့ကိုယ်သူအတွက် ထမင်းတစ်ပန်းကန် ထည့်ပြီး ခရမ်းသီးနှပ်ကိုပါ အပေါ်မှ လောင်းထည့်လိုက်သည်။
ထမင်းဖြူနှင့်ဟင်းအနှစ်နီနီများပါ၀င်သည့် ခရမ်းသီးနှပ်နှင့် ငရုတ်သီးစိမ်းစိမ်း၊ နီနီများ ရောနှောနေဟန်က ဆွဲဆောင်မှုရှိလှသည်။
"အဲဒါက ထမင်းနဲ့ခရမ်းသီးနှပ် ဘယ်လိုချက်ပြုတ်ရလဲဆိုတာပါပဲ တကယ်တော့ ထမင်းကို ဒီလိုမျိုး ပေါင်းအိုးနဲ့ချက်တဲ့အခါတိုင်း ဘယ်လိုဟင်းပွဲဖြစ်ဖြစ် ထပ်ချက်လို့ရတယ် ဒါက ထမင်းနဲ့ အရသာရှိတာလေးတွေ ချက်ရင် အချိန်ကုန်သက်သာစေမယ့် နည်းလမ်းကောင်းလေးပေါ့နော်" ကုပိုင်က သူ့လက်ရာကို ပြသလိုက်သည်။ဒီလိုမျိုး သူမစားရတာကြာပြီ။ ညစာအဖြစ် ဤကဲ့သို့ ပန်းကန်နှစ်ပန်းကန် စားနိုင်သည်ဟုပင် သူခံစားရသည်။
[အရမ်းအရသာရှိတယ်! ခရမ်းသီးတွေက စားလို့ကောင်းတယ်၊ ထမင်းကလည်း အရင်ကစားဖူးတဲ့ ထမင်းတွေထက် ပိုအရသာရှိတယ် ရှောင်ပိုင် မင်းရဲ့ဆန်က ဘာတံဆိပ်လဲ ငါ့ဆန်နဲ့တူတူပဲလို့ မထင်ရဘူး]
[ကြည့်ရတာတော့ ဆန်လဲတူတူ၊ပေါင်းအိုးနဲ့ချက်တာလည်း တူတူပါပဲ ရှောင်ပိုင်ကျတော့ ဘာလို့ ပြီးပြည့်စုံအောင် ဖန်တီးနိုင်ရတာလဲ ငါ့စားဖိုမှူးက ဒီလိုမျိုး တစ်ခါမှ မလုပ်ပေးဖူးဘူး သူက ကြယ်သုံးပွင့်စားဖိုမှူးနော် ဒါပေမယ့် အခုအချိန်မှာတော့ သူ့လက်မှတ်က တရားမ၀င်လားလို့တောင် ငါတကယ်ထင်မိနေပြီ]