4

930 87 2
                                    

အချစ်မပါတဲ့ အမျိုးသားနှစ်ယောက်ရဲ့ မဂ်လာပွဲကသာမာန်နေ့တနေ့လို့ပါ စီစဥ်စရာရှိတာတွေ နှစ်ယောက်သားသိပ်မတိုင်ပင်ခဲ့ အဆင်ပြေသလိုသာစီစဥ်ခဲ့ကြသည်..အဝတ်အစား လက်ထပ်လက်စွပ် မဂ်လာခန်းမကစလို့ မြန်မြန်ပြီးရော ကျပန်းရွေးလိုက်ကြသည်.

သမ္မတရဲ့မြေး နှင့် ထိတ်ထိတ်ကြဲမိသားစုနှစ်စုရဲ့ သားနှစ်ယောက်ရဲ့မဂ်လာပွဲက ကိုရီးယားနိုင်ငံမှာဟိုးလေးတကျော်ကျော် မဂ်လာပွဲသို့တက်ရောက်ကြတဲ့နိုင်ငံအရာရှိများစွာနဲ့ Top 10 စာရင်းဝင်သူဌေးများ သူနဲ့ငါအပြိုင် ဂုဏ်ပြုပန်းတွေနဲ့ရောက်လို့လာကြသည်..

စောင့်ဆိုင်းခန်းထဲ သတိုးသားနှစ်ယောက်လုံးက ရင်ခုန်မှုမရှိတိတ်ဆိတ်စွာ တယောက်ကလည်းမဂ်လာနေ့မှာတောင် မပြီးသေးတဲ့အလုပ်တွေကြောင့်ဖုန်းတလုံးနဲ့အလုပ်ရှုပ်နေသလို တယောက်ကလည်း ဖုန်းတလုံးနဲ့သီချင်းရေးလို့နေသည်..

မဂ်လာအချိန်ကြရောက်လာချိန်မှာတော့ ကျယ်ဝန်းလှတဲ့ခန်းမကြီးထဲ အဖြူရောင်ကျူးလစ်ပန်းတို့ဖြင့်လှပစွာ ပြင်ဆင်ထားသည်..

သာယာလှတဲ့တယောသံလေးကလည်းနားဝင်ပီးယံရှိလှသလို မီးရောင်ဖျော့​​ဖျော့လေးသာထွန်းလင်းနေပြီး စလိုက်မီးကြီးတခုကတော့ မဂ်လာမောင်နှံဝင်ရောက်လာမယ့် တံခါးဝစီသို့ထိုးလို့ထားသည်..

ဘေးတဖက်စိမှာ ကြွရောက်လာကြတဲ့ဂုဏ်သရေရှိဧည့်ပရိသက်တွေနဲ့အတူ အရှေ့ဆုံးမှာ က သမ္မတကြီးနဲ့မိဘနှစ်ပါးကလည်း မဂ်လာမောင်နှံကိုစောင့်မျှော်လို့နေသည်..

စင်မြင့်ရဲ့ အလည်မှာနေရာယူကာအသင့်ဆောင်နေတာကတော့ မဂ်လာမောင်နှံကို မဂ်လာဆုတောင်းစကားနဲ့လက်ထပ်ထိမ်းမြှားပေးရန် မဂ်လာမှုး ကစောင့်လို့နေသည်..

မဂ်လာတကယ့်အချိန်ရောက်လို့လာချိန်ပွင့်ဟသွားတဲ့တံခါးမကြီးနောက်ပေါ်လို့လာတဲ့ အနက်ရောင် suit အပြည့်အစုံဝတ်ဆင်ထားတဲ့ သတိုးသားနှစ်ဦးက တယောက်နဲ့တယောက်ချစ်လို့လက်ထပ်ကြသည်မဟုတ်ပေမယ့် နတ်ဖက်သည်စုံတွဲအလားသိပ်ကိုလိုက်ဖတ်လွန်းလှသည်.

AFTERWhere stories live. Discover now